Friday 22 March 2013

What is Custom ROM?


Mobile တလုံးရဲ့မူလဘူတ အခြေခံကျတဲ့ ROM အကြောင်း ပြောကြည့်မလားလို့ ဘာတွေလဲ ဆို တော်တော်များများကတော့ သိပြီးသားဖြစ်မှာပါ မသိတဲ့ သူဖတ်ပေါ့
ကဲ ဒီတော့ ပထမဆုံး ROM အကြောင်းပြောမယ်ဆိုတော့ ROM ဆိုတာ ဘာလဲ သိဖို့ လိုတယ်ပေါ့  ROM ဆိုတာ ကျွန်တော်တို့ ရင်းနှီးပြီးသားစကားလုံးပါပဲ တကယ်လဲ သိတာပဲလေ Read Only Memory ပါပဲ ကွန်ပျူတာ အခြေခံလောက်တက်ထားတဲ့ သူတွေ တောင် သိကြမှာပါ ဒါပေမယ့် အခုပြောမှာက Mobile ဆိုတော့ နဲနဲတော့ကွာသွားပါတယ် ဘာကွာသွားလဲဆိုရင် mobile မှာ အင်း Android ကို မူတည်ပြီးပြောမယ်နော် လူသုံးများတာမို့ပါ Android မှာဆိုရင် ROM ဆိုတာ ဖုန်းတစ်လုံးချင်းအတွက် စီမံထားတဲ့ Android OS ကို ဆိုလိုတာ Android ဆိုတာ Google ရဲ့ ထုတ်ကုန်တစ်ခုဆိုတာ လူတိုင်းသိပါတယ် ဒါပေမယ့် ဖုန်းတစ်လုံးစီမှာ တော့ Android တွေဟာ နဲနဲလေးစီတော့ ကွဲလွဲနေတတ်ပါတယ် ဥပမာ အပြင်အဆင်လေးတွေပေါ့ဗျာ ဒီလိုကွာပါတယ် ဒါကလဲ ဖုန်းထုတ်လုပ်သူတွေက google ကပေးထားတဲ့ အတိုင်းမထုတ်ပဲ တမူထူးတာလေး ကို ပြင်ဆင် ထုတ်လုပ်လာကြတော့ နဲနဲစီတော့ ကွဲသွားတာပေါ့ ကိုယ့်ဖုန်းမှာ သုံးမယ့် ပရီကေးရှင်းတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ဖန်တီးထားတာ ညှိယူထားတာတွေ ရှိလာတယ်ပေါ့ ဒီလို ပြုလုပ်ထားတဲ့ Android ကို ROM  လို့ခေါ်တယ်ပေါ့ဗျာ
ကိုယ့်ဖုန်းအတွက် ROM ကို မိတ်ဆွေက အပ်ဒိတ်လုပ်ချင်လာတဲ့ အခါမျိုးမှာ ဖုန်းထုတ်လုပ်သူထံက ကိုယ့်ဖုန်းအတွက် ROM ကို ရရှိမှ ကိုယ့်ရဲ့ Android ကို Version မြှင့်နိုင်တော့မှာပါ အခု သုံးနေတဲ့ Android ကို Official ROM လို့ခေါ်ပါတယ်  ပြင်ပ Developer တွေက ဖုန်းအတွက် သူတို့ ဖန်တီးတဲ့ ROM တွေကို ဖြန့်ဝေလေ့ရှိပါတယ် ဒီလို ROM တွေကိုတော့ Custom ROM လို့ခေါ်ပါတယ် Custom ROM တွေ ဘယ်အတိုင်းအတာထိ ကောင်းမွန်သလဲ ဆိုတာ Custom ROM ပြုလုပ်သူရဲ့ အစွမ်းအစ ဖန်တီးနိုင်မှု ဘယ်လောက်မြင့်လဲ ဆိုတာမှာ မူတည်ပြီး Custom ROM တွေဟာလဲ ကွဲပြားပါတယ် ဒါကြောင့် Custom ROM ဆိုတာ ကိုယ့်ဖုန်းအတွက် အပြည့်အ၀ စိတ်ချရတာမျိုးတော့ မဟုတ်ဘူးလို့ သိစေချင်ပါတယ် မကောင်းတာတွေ ရှိပေမယ့် အသုံးပြုသူတွေက Custom ROM တွေကို ဘာကြောင့် ထည့်သွင်းအသုံးပြုနေကြသလဲ ဆိုတဲ့အချက်က မေးစရာရှိလာပါတယ် ဒါက ဒီလိုရှိပါတယ် ကျွန်တော်တို့နောက်ပိုင်း အပရီကေးရှင်းလေး အချို့ဟာ ကိုယ်ကလဲ တကယ်လိုအပ်တယ် ရှိမှဖြစ်မယ်ဆိုတာမျိုးတွေက ကိုယ့်ဖုန်းထက် ဗားရှင်းမြှင့်တဲ့ ဖုန်းမှ လက်ခံမယ် ဆိုတာမျိုးတွေ ရှိလာပါတယ် ဒီတော့ ကိုယ့်ဖုန်းက ဗားရှင်းနိမ့်နေတော့ ထည့်မရဘူး ဖြစ်နေတယ်ပေါ့ဗျာ ဖုန်းထုတ်လုပ်သူတွေကလဲ လက်ရှိဗားရှင်းကို မြင့်မပေးတော့ဘဲ ပိုကောင်းတဲ့ ဖုန်းအသစ်တွေမော်ဒယ် အသစ်တွေ အတွက်ပဲ ဦးတည်ပြီး ချရောင်းနေပြီ ဆိုပါစို့ တကယ်လဲ အဲလိုပါပဲ စာအရသာ ဆိုပါစို့ လုပ်ရတာ ဒီတော့ ကိုယ့်ဖုန်းကို ဗားရှင်းမြင့်လို့ လဲ မရတော့ဘူးလေ ဒီလို ရှာမရတော့ တဲ့ အခါ ဘယ်လိုလုပ်ကြမလဲ ဒီတော့ ပြင်ပကထုတ်ထားတဲ့ Custom ROM ဗားရှင်းမြှင့်ထားတာတွေကို လိုက်ရှာရတော့တာပေါ့  နောက်ထွက်ဂိမ်းတွေက ဗားရှင်းမြင့်မှ ထည့်လို့ ရမယ် ဆိုပြီးလာတောင်းနေတဲ့ အခါမှာ Stock ROM မရှိတော့တဲ့ အတွက် Custom ROM တွေကို လိုက်ရှာရတယ် (Stock ROM ကို နဲနဲ ချန်ထားလိုက်ပါတယ်) 
Custom ROM တွေဟာ Stock ROM တွေ ထက် ပိုမြန်တယ် စွမ်းရည် ပိုကောင်းတယ် မန်မိုရီ အသုံးပြုတာနဲတယ် Bettery စားသက်သာတယ် စသဖြင့် အားသာချက်တွေက ရှိလာပြန်တယ် ဘာကြောင့်လဲ ဆိုတော့ Custom ROM တွေ ထဲမှာ အသုံးမလိုတဲ့ ဟာတွေ အကုန်ဖြုတ်ချထားပြီးသားမို့ပါ ROM နဲ့ တွဲပါလာတဲ့ အပရီကေးရှင်းလေးတွေ ကို ဖြုတ်ကြည့်ပါလားရမလားလို့ ဒီလို မရတာကို သူတို့က တစ်ခါတည်း ဖြုတ်ထားခဲ့တာလေ ဒီတော့ ပိုသွက် ပိုကောင်း ဖြစ်လာတာပေါ့ အကြံတူနောက်လူ သာစမြဲ ပဲကို ဒီလို အားသာချက်တွေ ရှိလာတော့ Custom ROM ကို လူကြိုက်များလာကြပါတယ် အားနဲချက်လဲ ရှိတာပဲဗျ နော် ဘာဖြစ်ဖြစ် တွဲနေတတ်တာပဲ မဟုတ်လား အဲဒါက ဘာတွေလဲဆို Custom ROM ကို ဖန်တီးတဲ့ သူတွေက သူ့ စိတ်ကြိုက် သူသဘောတွေ့တာလောက်ကို ပဲ ဖန်တီးတာဆိုတော့ အကြိုက်ညီရင်တော့ ဘုရားပေးတဲ့ဆုလာဒ်ပေါ့ မတူဘူးဆိုရင် ဟိုဟာမပါဘူး ဒီဟာ မပါဘူး ဖြစ်လာမှာလေ ဒီတော့ သုံးရတာ အဆင်မပြေဘုးဖြစ်လာရောလေ မပြေဘူး အကြိုက်ဘူးဆိုတော့ ကိုယ်နဲ့ အဆင်ပြေမယ့် Custom ROM ကို ထပ်ရှာ ထပ်တင်ပေါ့ဗျာ ဟဲဟဲ နောက် ပြသနာကတော့ ဆိုးတယ်ဗျ Custom ROM က ကိုယ့်ဖုန်းနဲ့ အဆင်မပြေတဲ့ အခါမျိုးမှာ ဖုန်းတောင် ဆက်မရတော့ဘူး ဟိဟိ ဒါပေမယ့် ခုနောက်ပိုင်းမှာ ဒါမျိုးတွေ ဖြစ်တာတော့ မတွေ့တော့ပါဘူး ရှိကောင်းရှိနိုင်ပေမယ့် တော်တော်လေးနဲသွားပြီလို့ ဆိုနိုင်ပါပြီ မကြိုကဘူးဆိုရင်လဲ မူလ စက်ရုံကထုတ်အတိုင်း ပြန်ရအောင် လုပ်နိုင်တဲ့ အနေအထားတွေလဲ ရှိလာပြီဆိုတော့ စိတ်ညစ်စရာတွေ နဲလာပြီပေါ့ ဘာဖြစ်ဖြစ် ကျွန်တော်ကတော့ မိတ်ဆွေများကို Custom ROM သုံးတော့မယ်ဆိုရင် လူသုံးများပြီး နာမည်ကြီးတာမျိုးတွေပဲ အသုံးပြုစေချင်ပါတယ် နောက်ပိုစ့်တစ်ခုမှ Custom ROM ဘယ်လို ထည့်လဲ ဆိုတာ ကို သေသေချာချာလေး ပြပေးပါမယ် Custom ROM ကလဲ တစ်ခုထည့်တတ်ရင် အကုန်ထည့်တတ်ပါပြီ တခုနဲ့ တစ်ခု ကနဲနဲလေးစီပဲ ကွာတာရှိပါတယ် ကဲကဲ တော်လောက်ပြီနော် 
|

No comments:

Post a Comment

အကြံလေးတွေပေးပါလား

အချိန်ရှိခိုက်လုံ့လစိုက်

Template Design by Shihara | Published by New Blog Themes
Powered by Blogger