Sunday 17 March 2013

ဖိတ်စာကတ်၊ လိပ်စာကတ် ဖန်တီးခြင်း

BusinessCards MX 4.76 Final

ဒီကောင်လေးကို အရင်လကလည်း တင်ပေးခဲ့ဖူးပါတယ်..။ Business Card လေးတွေကို ဒီဇိုင်းအမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ စိတ်ကြိုက်ဖန်တီးယူလို့ ရတဲ့ ကောင်လေးပါ..။ အခုဒီဗါးရှင်းကတော့ BusinessCards MX 4.76 Final ဗါးရှင်းပါ..။ အသုံးပြုပုံနဲ့ ဖူးဖြစ်အောင် Key ထည့်နည်းကို အရင်ပိုစ့်အဟောင်း BusinessCards MX 4.74 ပိုစ့်မှာ ပြန်ကြည့်ပေးပါ..။ ဒီကောင်လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 88.2 MB ရှိပါတယ်..။ 

Business Cards MX.4.74 FINAL

ဒီကောင်လေးကတော့ Business Cards လေးတွေ ပြုလုပ်ချင်တဲ့ သူများအတွက် အဆင်ပြေစေမယ့် ကောင်လေးပါ..။ မိမိတို့ စိတ်ကြိုက် ဖရိန်လေးတွေကို ရွေးချယ်ပြုလုပ်လို့ရမယ့် ၊ ဒီဇိုင်းမျိုးစုံပါတဲ့ အသုံးပြုရတာလည်း လွယ်ကူတဲ့ ပရိုဂရမ်ကောင်းလေး တခုပါ.. သူ့အတွက် Full သုံးလို့ရမယ့် Key လေးကို Notepad လေးနဲ့ ထည့်ပေးထားပါတယ်.. အောက်မှာ ကျနော် အသုံးပြုပုံကို အနည်းငယ် ပြပေးထားပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 88 MB ရှိပါတယ်.. ဒေါင်းလော့ချနည်း ပိုစ့်ကို Blog ရဲ့ ညာဘက်အပေါ်ဆုံးမှာ လင့်ချိတ်ပေးထားတာ ဖြစ်တဲ့အတွက် ဒေါင်းလော့မယူတတ်သေးတဲ့သူများ အဲ့ဒီပိုစ့်ကို အရင်ပြန်ကြည့်လိုက်ပါဗျာ.. အဆင်ပြေသွားပါလိမ့်မယ်..။

SmartsysSoft Greeting Card Designer v2.30

ဒီကောင်လေးကတော့ Greeting Card Designer လေးပါ..။ မနေ့၊ တနေ့က တင်ပေးလိုက်တဲ့ Business Card ဆော့ဖ်ဝဲလ်ထက် ပိုလန်းသလိုပဲ.. ဒါလေးနဲ့ တော်တော်များများကို အသုံးဝင်ပါလိမ့်မယ်..။ သူ့ထဲမှာ ဒီဇိုင်းမျိုးစုံ စတိုင်မျိုးစုံ ပါပါတယ်..။ ဆော့ဖ်ဝဲလ်လေး သေးသလောက် အတော်လေးကောင်းပါတယ်..။ အရောင်စုံ ကာလာစုံ ပါလို့ ဒီကောင်လေးကို ပိုသဘောကျနေမိတယ်..။ Effect တွေလည်း အများကြီးပါတယ်..။ အားလုံးကို ပြပေးဖို့ မဖြစ်နိုင်တဲ့အတွက် တခုတော့  လုပ်ပြထားပါတယ်..။ ကျန်တာတွေကိုတော့ မိမိတို့ဖါသာ စမ်းသပ်ရှာဖွေကြပါ..။ အများကြီးအသုံးဝင်ပါတယ်..။ အပျော်တမ်းသမားများ အတွက်တင် မကပါဘူး.. စီပွါးရေးသမားများအတွက်ပါ အသုံးတည့်ပါတယ်..။ ဒီကောင်လေးအတွက် Key လေးပါ ထည့်ပေးထားပါတယ်..။ ဒီကီးလေး ထည့်ပေးလိုက်ရင် ဖူးသုံးလို့ ရသွားပါပြီ..။ အောက်မှာ ကျနော် သူ့ရဲ့ကီးလေးကို ထည့်ပြထာပြီး.. နမူနာတခုပါ လုပ်ပြထားပါတယ်..။ လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူပြီး လုပ်နည်းလေးပါ ဆက်ကြည့်လိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 15 MB ရှိပါတယ်..။

SmartsysSoft Business Card Maker 2.50

17 Sep 12, 12:11 AM
မိုး၂: အကိုရယ် ကျနော့်ကို name card လုပ်တဲ့ဆော့ဝဲ ခဏ တင်ပေးပါလားးး
ဒီကောင်လေးကတော့ Page Maker မသုံးတတ်တဲ့သူများအတွက် အရမ်းအသုံးဝင်မယ့်ကောင်လေးပါ..။ ဖိတ်စာကတ်၊ လိပ်စာကတ်၊ Business Card တွေကို ဒီကောင်လေးနဲ့ အလွယ်တကူ ပြုလုပ်လို့ရမှာဖြစ်ပါတယ်..။ မိမိတို့ အသုံးပြုချင်တဲ့ ပုံလေးတွေကို နောက်ခံထည့်ပြီး စာလုံးအရောင် မျိုးစုံနဲ့ အသုံးပြုလို့ ရပါတယ်..။ လုပ်ရတာလည်း လွယ်ကူပါတယ်..။ အောက်မှာကျနော် အစမ်းလုပ်ပြထားပါတယ်..။ Effect တွေအများကြီး ပါတဲ့အတွက် အားလုံးကို ပြပေးဖို့ အဆင်မပြေပါဘူး..။ ဒါကြောင့် အနည်းငယ် လုပ်ပြပေးလိုက်ပါတယ်..။ နောက်တခုက ဇော်ဂျီဖေါင့်နဲ့ ရေးတဲ့အခါမှာ သူပေးထားတဲ့ Text Element စာလုံးတွေကို တဝက်ဖြတ်ပြီး ရေးမှ မြန်မာစာပေါ်ပါတယ်.. အဲ့လိုမှ မဟုတ်ရင်တော့ မြန်မာစာရေးလို့ မရပါ..။ အောက်မှာ လုပ်ပြထားပါတယ်.. ဆက်ကြည့်လိုက်ပါဗျာ.. သူ့အတွက် crack ဖိုင်လေး ထည့်ပေးထားပါတယ်... crack လို့ဆိုပေမယ့် တကယ်တမ်း လုပ်နည်းတူတာက Patch ဖိုင်ထည့်နည်းနဲ့ သွားတူနေပါတယ်..။ သူကတော့ crack လို့ရေးထားပါတယ်..။ အဲ့ဒီကောင်လေးနဲ့ Full ဖြစ်အောင် လုပ်ပေးလိုက်ပါ..။ မလုပ်တတ်သေးတဲ့သူများရှိခဲ့ရင် IDM 6.12 Beta Built 3 ပိုစ့်မှာ လုပ်ပြထားတဲ့နည်းနဲ့ အတူတူပါပဲ..။ ဒီကောင်လေးကို လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 11.5 MB ရှိပါတယ်..
|

No comments:

Post a Comment

အကြံလေးတွေပေးပါလား

အချိန်ရှိခိုက်လုံ့လစိုက်

Template Design by Shihara | Published by New Blog Themes
Powered by Blogger