Friday 22 March 2013

HardDisk, USB Stick ထဲက Fils,Folder တွေ Virus ကြောင့် ပျောက်ကုန်၊မှိန်ကုန်ပြီလား?



HardDisk, USB Stick ထဲက Fils,Folder တွေ Virus ကြောင့် ပျောက်ကုန်၊မှိန်ကုန်တယ်လို့ ပြောနေကြ
တာတွေကို ခဏခဏကြားနေရပါတယ်။ Virus က သူဝင်ရောက်ရာ လမ်းကြောင်းတွေမှာ ရှိတဲ့ ဖိုင်၊ဖိုလ်ဒါတွေ မှန်သမျှကို Hidden လုပ်ပြီး ReadOnly အနေနဲ့လုပ်သွားတတ်ကြပါတယ်။ ဒီလိုလုပ်သွားတဲ့ အခါကျရင် Folder Options မှတစ်ဆင့် Show hidden files and folder မှကြည့်ရင် မှိန်နေတဲ့ ဖိုင်တွေ၊ဖိုလ်ဒါတွေကို မြင်ရပါမယ်၊ ဒါပေမယ့် Read Only ဖြစ်နေတဲ့အတွက် ပြန်လည်ပြင်ဆင်ဖို့
အတွက်ခက်ခဲသွားပါမယ်..အရှင်းဆုံးပြောရရင် Hard Disk , USB Stick တွေထဲမယ် ရှိတဲ့ ဖိုင်တွေ၊ဖိုလ်ဒါတွေ ကိုဖျောက်ချင်တယ် ဒါမှမဟုတ် ပြန်ဖော်ချင်တယ် ဆိုတဲ့သူတွေအတွက် Show Files & Folder နဲ့ Hidden Files and Folders ဆိုတဲ့ Software လေးနှစ်ခုတင်ပေးလိုက်ပါတယ်။ မိမိ ဖျောက်လို၊.. ဖော်လိုတဲ့ USB Stick၊ HardDisk ထဲသို့ မိမိရွေးချယ်ထားတဲ့ Software တစ်ခုကို ကူးထည့်ပြီး Double Click ပေးလိုက်တာနဲ့ ချက်ချင်း အလုပ်လုပ်ပါလိမ့်မယ်။ အောက်မှာ ကြိုက်ရာLink ကနေယူနိုင်ပါပြီ။

Download Link ===> ZidduMediafire4Shared

|

No comments:

Post a Comment

အကြံလေးတွေပေးပါလား

အချိန်ရှိခိုက်လုံ့လစိုက်

Template Design by Shihara | Published by New Blog Themes
Powered by Blogger