Friday 29 March 2013

Gmail အကောင့်အတွက် ဖုန်းမလိုတဲ့ နည်းလမ်းသစ်



ကျွန်တော်တို့မြန်မာနိုင်သား အင်တာနက်သုံးစွဲသူတွေအနေနဲ့ gmail အကောင့်အသစ်ဖွင့်တာနဲ့ ပတ်သက်ပြီး စိတ်ကသိကအောက် သိပ်ဖြစ်ရပါတယ် .. အကောင့်တစ်ခုဖွင့်ဖို့ ဖုန်းနံပါတ်ကလည်း သုံးချင်တိုင်းသုံးမရ .. google ရဲ့ပြောင်းလဲနေတဲ့ပေါ်လစီတွေကြောင့် ဖုန်းနံပါတ်မှမရှိရင် gmail အကောင့် အသစ်ကို လုံးဝဖွင့်လို့မရတော့မယ်အတိုင်း သိပ်စိတ်လေရပါတယ် ..
gmail အကောင့်အသစ်တစ်ခုကို ဖုန်းနံပါတ်မလိုပဲ အကျော်အခွလုပ်ပြီး ဖွင့်တဲ့နည်းကို ကျွန်တော် Facebook Group တွေထဲမှာ မျှဝေခဲ့ဖူးပါတယ် ..
ဖြစ်ချင်တော့ အဲဒီနည်းက အခု သုံးလို့မဆင်မပြေတော့ဘူးဖြစ်သွားတယ် .. (ကျွန်တော့်ရဲ့ နည်းပညာပိုင်းဆိုရာ နိမ့်ပါးမှုကြောင့်လည်း အဲဒီနည်းနဲ့ အဆင်မပြေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်)
ကဲ .. အခုတော့ တော်တော်လေးလည်း ပျော်စရာကောင်းတဲ့အပြင် အရာရာတိုင်းနီးပါးကို သိလှပါတယ်ဆိုတဲ့ Google ကို လှည့်စားပြီး gmail အကောင့်တွေ လိုသလောက်ဖွင့်နိုင်တဲ့နည်းလေးကို သူငယ်ချင်းတွေအတွက် မျှဝေပေးလိုက်ပါတယ် ..

ဒီနည်းက စိတ်ကူးပေါက်ရင် ကိုယ်လိုချင်သလောက် အကောင့်အသစ်တွေကို တစ်ထိုင်တည်း ထိုင်ဖွင့်နေလို့ရတယ်ဗျ .. ကြာလာရင် ကိုယ်လိမ်သမျှခံနေရှာတဲ့ google ကို သနားလာမိလိမ့်မယ် ..
ကဲ .. စလိုက်ကြစို့ ..

အရင်ဆုံး သူငယ်ချင်းတို့ရဲ့ Browser မှာရှိတဲ့ History တွေအကုန်လုံးကို ရှင်းပစ်လိုက်ပါ (History တွေပဲနော် Bookmark တွေကိုပြောတာဟုတ်ဘူး) မရှင်းရင်လည်းရပါတယ် .. တစ်ခါတစ်ခါ History တွေကြောင့် google က လိမ်ရခက်သွားတတ်လို့ပါ ..
ကဲ .. အဆင်သင့်ဖြစ်ပြီဆိုရင် www.gmail.com ကိုသွားပြီး Create an account ကိုနှိပ်ပါ (ဒါကတော့ မဆန်းပါဘူး gmail အကောင့်ဖွင့်ဖူးသူတိုင်း ဒီအဆင့်ရဲ့နောက်ပိုင်းအဆင့်တွေကိုရော သိပါတယ်)
အကောင့်အသစ်ဖွင့်မယ့် Form ကျလာပြီဆိုရင် အဲဒီထဲမှာ ကိုယ်လိုချင်တဲ့နံမည်ကို ထည့်ပြီး ဖြည့်စရာရှိတာတွေကို ဖြည့်လိုက်ပါ .. email လိပ်စာထည့်ရတဲ့နေရာမှာ လိပ်စာတူရှိနေရင် အဆင်ပြေတဲ့တစ်ခုကို ပြောင်းပေးရမှာပါ .. (ဒါကလည်း လုပ်ရိုးလုပ်စဉ်ပါပဲ)
အဲဒီလို အကောင့်သစ်အတွက် Form ကိုဖြည့်တဲ့နေရာမှာ မဖြစ်မနေလုပ်ရမှာက mobile phone နဲ့ Location ရဲ့အကွက်တွေမှာ United States ကိုမဖြစ်မနေ ရွေးပေးထားဖို့ပါ .. အောက်မှာ ပုံနဲ့ပြထားပါတယ်


အဲဒီထဲက mobile phone အောက်ကအကွက်ထဲမှာ United States ရဲ့အလံတံဆိပ်ဘေးမှာ +1 ဆိုပြီး ပေါ်နေတာလေးကို သတိထားမိမှာပါ .. အဲဒီ +1 လေးရဲ့နောက်မှာ နံပါတ်တစ်ချို့ ရိုက်ထည့်ရမှာမို့ သတိထားမိအောင်လည်း ပြောထားတာပါ .. သူဖြည့်ခိုင်းတဲ့ စာလုံးနှစ်လုံးဖြည့်တာတွေ I agree to .. ရဲ့ရှေ့မှာ အမှန်ဖြစ်လေးတပ်တာတွေကို လုပ်ထားပါ .. Next step ကိုတော့ မနှိပ်သေးပါဘူး +1 ရဲ့နောက်မှာ ထည့်ဖို့ ဖုန်းနံပါတ်လေး သွားတောင်းရဦးမှာမို့ပါ ..
ကဲ .. ဘယ်မှာသွားတောင်းမလဲ .. အများကြီးရှိတယ် .. (Free နော် ..)

သူငယ်ချင်းတို့ရဲ့ Browser ကို Tab အသစ်တစ်ခုထပ်ဖွင့်လိုက်ပါ ..
ပွင့်လာတဲ့ tab အသစ်ရဲ့ Address Bar မှာ www.pinger.com/tfw/ လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ


အောက်ကပုံအတိုင်း Website တစ်ခုဖွင့်လာပါလိမ့်မယ် .. အကြောင်းကြောင်းကြောင့် အောက်က ပေ့ကို မရောက်ဘူးဆိုရင် http://pinger.com/tfw/ လို့ ပြောင်းပြီးပြန်ရိုက်ထည့်ကြည့်ပါ


အဲဒီထဲက Sing Up Free ကိုနှိပ်ပေးလိုက်ရင် အောက်ကပုံအတိုင်းပွင့်လာပါမယ်


အဲဒီထဲက ဖြည့်ရမယ့်နေရာတွေမှာ အဆင်ပြေသလိုလိုက်ဖြည့်ပေးပါ .. email နေရာမှာတော့ အစောပိုင်းက သူငယ်ချင်းတို့ gmail အကောင့်သစ် Form မှာ ထည့်ထားတဲ့ email လိပ်စာကို ထည့်ပေးလိုက်ပါ . (တစ်ကယ်တော့ စိတ်ကူးထဲရှိရာ email လိပ်စာကို ထည့်ပေးလိုက်လို့ရတယ်)
ပြီးရင် I agree to ... ရဲ့ရှေ့မှာ အမှန်ဖြစ်ထည့် သူရိုက်ခိုင်းတဲ့စာလုံးကို မှန်အောင်ရိုက်ထည့်ပေးပြီး Create ကိုနှိပ်ပေးလိုက် (ပြောထားဦးမယ် username နေရာမှာ စာလုံးအသေးတွေပဲထည့်ရမယ် 16 လုံးထက်လားမသိဘူး မကျော်ရဘူး) .. Create ကိုနှိပ်ပြီးရင် နံမည်တူတာတို့ password နှစ်ခုမကိုက်တာတို့ သူရိုက်ထည့်ခိုင်းတဲ့စာလုံး မှားတာတို့ဖြစ်ရင် နောက်ထပ်ပြန်ပြင်ပေးရပါတယ် ..
ကဲ .. Create ကိုနှိပ်ပြီး အဆင်ပြေသွားပြီဆိုရင်တော့ အောက်ကပုံလေးတက်လာပါမယ် ..


အဲဒီထဲက ကျွန်တော် 12345 လို့ပြထားတဲ့နေရာမှာ အဲဒီအတိုင်းရိုက်ထည့် (တစ်ခြားဂဏန်း ၅ လုံး လည်းရတော့ရတယ် error တက်တာများတယ် .. ဒါကြောင့် 12345 ကိုပဲ ရိုက်ထည့်လိုက်ပါ)
Gender နေရာမှာ ကျား/မ ကြိုက်တာရွေးပြီး အမှတ်တပ်ပေး Age နေရာမှာ ကြိုက်တဲ့အသက်ကို ရွေးပေး (၁၃ နှစ်အောက်ရွေးမိရင် Error တက်လာတတ်ပါတယ်)
ပြီးရင်တော့ Find ကိုနှိပ်ပေးလိုက်ပါ .. အောက်ကပုံအတိုင်းပေါ်လာပါမယ် ..


အဲဒီလို ကျလာတဲ့ ဖုန်းနံပါတ်တွေထဲက ကိုယ်ကြိုက်တဲ့ တစ်ခုကို ကလစ်ပေးပြီး Confirm ကိုနှိပ်ပေးလိုက်ပါ .. (မအားတော့တဲ့ နံပါတ်ဖြစ်နေတယ်ဆိုရင် နောက်တစ်ခုကိုပြောင်းပြီး ကလစ် Confirm ကိုထပ်နှိပ် ..) ကျွန်တော်က အပေါ်ဆုံးကနံပါကိုရွေးပြီး Confirm ကိုနှိပ်လိုက်တာ အဆင်မပြေလို့ တစ်ခုပြီး အဲဒီလိုရွေးသွားလိုက်တော့ 1(518) 293-2077 ဆိုတဲ့ လေးခုမြောက်က ဖုန်းနံပါတ်ကိုရလိုက်တယ် ..
ကဲ .. ဖုန်းနံပါတ်အလွတ်တစ်ခုကိုရလို့ Confirm ကိုနှိပ်ပြီး နောက်တစ်ဆင့်တက်သွားရင် အောက်ကပုံအတိုင်းပွင့်လာပါမယ် ..


အဲဒီထဲက Cancle ကိုနှိပ်ပေးလိုက်ရင် အောက်ကပုံလေးပွင့်လာပါမယ် . ( cancel ကိုပဲ နှိပ်ရမှာပါ ok ကိုသွားနှိပ်ရင် တိုင်ပတ်ပြီနော်)



အဲဒီထဲက ညာဖက်အပေါ်ထောင့်နားက options ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..


အဲဒီထဲက အပေါ်ဆုံးမှာရှိတဲ့ ဖုန်းနံပါတ်ထဲက 1 ကိုချန်ထားခဲ့ပြီး နောက်ကနံပါတ်တွေကို
ကော်ပီကူးယူလိုက်ပြီး ok ကိုနှိပ်ပေးလိုက်ပါ .. ဖုန်းနံပါတ်တစ်ခုကို အသုံးပြုခွင့်ရပါပြီ .. (gmail form မှာက +1 ဆိုတာလေး ပါပြီးသားလေ . ဒါကြောင့် 1 မလိုဘူး)
နံပါတ်ကို ကော်ပီယူပြီးပြီဆိုရင်တော့ gmail အကောင့်ဖွင့်ဖို့ Form ဖြည့်ထားတဲ့ tab ကိုပြန်လာပါ ..
အဲဒီထဲက mobile phone ဆိုတဲ့အကွက်ထဲက +1 နောက်နားပါကပ်ပြီး ကလစ်ပေးလိုက်ပါ .. ပြီးရင် ကော်ပီယူလာတဲ့ ဖုန်းနံပါတ်ကို Paste (ctrl + V ) လုပ်လိုက်ပါ .. အောက်မှာကျွန်တော်ရခဲ့တဲ့ နံပါတ်ကို ထည့်ပြထားပါတယ် .


အဲဒီထဲမှာ +1 ရဲ့နောက်မှာ ကွင်းစကွင်းပိတ်နဲ့ ဂဏန်းပဲရှိတာကို သတိပြုပါ .. +1 ရဲနောက်မှာ space bar တစ်နေရာမှမခြားပဲ ကော်ပီယူလာတဲ့ ဖုန်းနံပါတ်ကို ထည့်လိုက်တာဖြစ်ပါတယ်(ဒီဖုန်းနံပါတ် ထည့်တဲ့နေရာမှာ မှားရင် ဂွမ်းပါပြီ)
I agree မှာ အမှန်ခြစ်တပ်ထားမထား ပြန်စစ်ပါ .. Location မှာ United States ဟုတ်မဟုတ် သေချာစစ်ပါ ..
အားလုံးမှန်ပြီဆိုရင်တော့ Next step ကို နှိပ်ပေးလိုက်ပါ .. အောက်က ပုံလေး ပွင့်လာတာကို တွေ့ရလိမ့်မယ်


အဲဒီထဲက Next step ကိုနှိပ်လိုက် .. အောက်ကအတိုင်းပွင့်လာမယ်


အဲဒီထဲက Continue to Gmail ကိုနှိပ် .. အောက်မှာဘာပွင့်လာသလဲကြည့်လိုက်ပါ


ဟိုက်ရှားစ်ပါးစ် ... gmail အကောင့်အသစ်တစ်ခု သေချာပေါက် ပိုင်သွားပြီကွ ..

ပြင်းနေပြီလားဗျ .. မပြေင်းသေးရင် .. အဲဒီအကောင့်ကို Sign Out လုပ်ပြီး ထွက်လိုက်ပါဦး ..
ပြီး ရင် .. Gmail အကောင့် အသစ်ဖွင့်တဲ့အဆင့်ကိုပဲ အစကနေပြန်သွားပါ ..
အကောင့်သစ်အတွက်ဖြည့်ရမယ့် Form မှာ အဆင်ပြေသလိုဖြည့်ပြီး mobile phone အကွက်ထဲမှာ United States ကိုရွေး +1 ရဲ့နောက်မှာ စောစောက သုံးခဲ့တဲ့ ဖုန်းနံပါတ်ကို ပြန်ပြီးထည့်
Location နေရာမှာလည်း United States ကိုပြန်ရွေး
သူဖြည့်ခိုင်းတဲ့ စာလုံးနှစ်လုံးကို ရိုက်ထည့်
I agree to .... ရဲ့ရှေ့မှာ အမှန်ခြစ်တပ်
Next step ကိုနှိပ် ..









ဟိုက် ... နောက်ထပ် အကောင့်အသစ်ခု ထပ်ရပြန်ရောဟ ..
ဗျာ .. တတိယမြောက်အကောင့်လား ... တော်ရောပေါ့ဗျာ .. ဘာဖုန်းမှလည်း မသုံးပဲ google ဆီက ဘတ်ကီးပြပြီးယူလိုက်တာ .. တတိယမြောက်အကောင့်ရောက်ရင်တော့ google က သူငယ်ချင်းကို သတိထားမိသွားပြီး Verification Code တောင်းလာပါလိမ့်မယ် .. ဟုတ်ကဲ့ .. မဖြစ်မနေ ရချင်ရင်တော့ ဒီပို့စ်ကြီးရဲ့ အစအဆုံးပြန်လုပ်ပေါ့ဗျာ ..
ကြိုက်သလောက် လုပ်လို့ရပါတယ် ..
ဟို Pinger မှာဖွင့်ထားခဲ့တဲ့ tab ကိုတော့ ပိတ်ချင်ပိတ်ပစ်လိုက် .. လျှောက်ကလိချင်သေးရင် ကလိလိုက်ဦး .. ကျွန်တော်တို့က သူ့ကို ဖုန်းနံပါတ်လေး ခဏလောက် သွားငှားရုံပဲ သုံးလိုက်တာလေ ..
တစ်ခုခုမရှင်းတာတို့ရှိလာခဲ့ရင် ပြန်ပြောပါဗျာ ..
အဆင်မပြေစရာ Error တွေ တွေ့လာရင်လည်း ကျွန်တော့်ကို ပြန်ပြီး မျှဝေကြပါဦး
ကဲ .. gmail အကောင့်တွေ တစ်လှေကြီး မြန်မာနိုင်ငံသား သူငယ်ချင်းအပေါင်း  ပျော်ရွှင်နိုင်ကြပါစေဗျာ .

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
| No comments

HD 3D Launcher PRO v1.1.5 Apk 1MB



HD 3D Launcher အသုံးပြုတဲ့သူငယ်ချင်းတွှေအတွက် Update လေးတင်ပေးလိုက်ပါတယ်
https://play.google.com/store/apps/details?id=com.isodroid.t3l
မှာလေ့လာပြီး ကြိုက်ရင်အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
Download>>>.zippyshare (or)http://d-h.st/

credit to အမျိုးကောင်းသား



| No comments

Bagan Keyboard Beta (Zawgyi+English






   
adroiad os( Zawgyi Font )နှင့် English လက်ကွက်စနစ်ပူးတွဲပါရှိသော Bagan Keyboard (BETA) version ကို စတင်ထုတ်ဝေလိုက်ပါသည်။ Bagan Keyboard အားအောက်ပါ link တွင်ရယူနိုင်ပါသည်။

Bagan Keyboard Beta (Zawgyi+English) အားရယူရန်

http://www.bitmyanmar.com.mm/kanaung/bagankeyboard တွင်လည်း ၀င်ရောက်ရယူနိုင်ပါသည်။
Bagan Keyboard ၏ ထူးခြားချက်များမှာ-

၁။ မြန်မာလက်ကွက်နှင့် English လက်ကွက် ကိုကြိုက်နှစ်သက်ရာ တစ်မျိုးစီဖြစ်စေ ၊ နှစ်မျိုးစလုံးဖြစ်စေ ရွေးချယ်အသုံးပြုနိုင်ပါသည်။

၂။ Bagan Keyboard ကိုအသုံးပြုရန်အတွက် phone အား root လုပ်ထားရန်မလိုပါ။

၃။ မြန်မာစာနှင့် English စာနှစ်မျိုးစလုံးအတွက် စာလုံးတွဲများကို အစအဆုံး ရိုက်နှိပ်စရာမလိုသည့် အကြံပေးစနစ် (Suggestion System) ပါရှိပါသည်။

၎။ အသုံးများသည့်စကားလုံးတွဲများကို Suggestion System မှပေးထားသော အကြံပေးချက်များ မလုံလောက်သေးပါက မိမိစိတ်ကြိုက် ပေါင်းထည့်အသုံးပြုနိုင်သော User Dictionary စနစ်ပါရှိပါသည်။

၅။ စကားလုံးတွဲများကို မိမိစိတ်ကြိုက် ထည့်သွင်းရာတွင် User Dictionary တွင်သွားရောက်ထည့်သွင်းနိုင်သကဲ့သို့ စာရိုက်နေစဉ်တွင်လည်း စကားလုံးတွဲပေါ်တွင် Double Touch နှိပ် ၍ ဖြည့်သွင်းနိုင်ပါသည်။

၆။ သိမ်းဆည်းထားသော User Dictionary မှစကားလုံးတွဲများသည် software အား uninstall လုပ်ခြင်း၊ version upgrade လုပ်ခြင်းများပြုလုပ်ခြင်းဖြင့်ပျောက်ပျက်သွားခြင်းမရှိပဲ ဆက်လည်အသုံးပြုနိုင်ပါသည်။

၇။ စာရိုက်ရာတွင် Shift Key ကို အသုံးမပြုလိုပါက Pop-Up များကိုသုံးပြုကာ လျင်မြန်စွာ ရိုက်နိုင်ပါသည်။

၈။ Symbol , Smiles များ စုံလင်ခြင်း၊ တယ်လီဖုန်းလက်ကွက်ပါဝင်ခြင်း၊ Voice Input (English)ပါဝင်ပါသည်။

၉။ ဘာသာစကားအသစ် (ဥပမာ- မွန်၊ရခိုင်)၊ လက်ကွက် Font (ဥပမာ- myanmar3) စသည်တို့ကို ထပ်မံထည့်သွင်းလိုပါက အသစ်ပြန် Install လုပ်စရာမလိုပဲ Language Package များကိုထည့်သွင်းရုံဖြင့် လွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်ပါသည်။

၁၀။ Bagan Keyboard ကို Android OS Version 1.5 (Cupcake) မှ 4.2 (Jelly Bean) အထိ အသုံးပြုနိုင်ပါသည်။

၁၁။ Bagan Keyboard သည် အသုံးပြုသူ အတွက် စကားတွဲအသစ်များကို အပေါ်မှာပေါ်လာသည့် စာလုံးကို
2 ချက်နှိပ်ရုံဖြင့်မှတ်သားထားနိုင်ပါသည်။ ထိုသို့ မှတ်သားထားခြင်းဖြင့် အသုံးပြုချိန် ကြာမြင့်လာသည်နှင့်အမျှ လျှင်မြန် လွယ်ကူစွာ စာစီနိုင်မည်ဖြစ်ပါသည်။

***Bagan Keyboard ၏ ရည်ရွယ်ချက်မှာ ဖုန်းမှတဆင့် SMS ပို့ခြင်း၊ Gtalk , Facebook Message များပို့ခြင်း တို့ကိုအဆင်ပြေစေရန် ရည်ရွယ်ပါသဖြင့် အသုံးနည်းသော ပါဠိစကားလုံးများနှင့် ပါဌ်ဆင့်အချို့ကို လက်ရှိ Version တွင် ခေတ္တချန်ထားပါသည်။

***စာလုံးပေါင်းအကြံပေးစနစ်တွင်လည်း ယခု BETA Version တွင် မပြည့်စုံမှုများရှိနေပြီး၊ မကြာမီထွက်မည့် Version အသစ်တွင် ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားပါသည်။ မကြာမီ အခြားသောတိုင်းရင်းသာား ဘာသာစကားများအတွက် ထပ်မံဖြည့်သွင်းသွားမည်ဖြစ်ပါသည်။ အားပေးမှုအားအထူးကျေးဇူးတင်ရှိပါသည်။

| No comments

Faebook ကို Gtalk လိုပဲ Desktop ပေါ်တင်ချက်ချင်ရင်




ဒါလေးကတော့ အသုံးလိုတဲ့သူ ပြန်သုံးရအောင် တင်ပေးတာ။ သုံးရတာအဆင်ပြေ၏

Gtalk လိုပဲအဆင်ပြေတယ် ချက်တင်ကနေ၀င်ပြီး Facebook စာမျက်နှာသွားလည်းရ

Gtalk လိုပဲ Mail စာအိပ်ပုံလေး နှိပ်ရင် Gmail တန်းရောက်သွားသလိုပဲ ကောင်းတယ်

Remember Password လုပ်ခဲ့ရင် ကွန်ပျုတာဖွင့်တာနဲ့ အော်တိုပွင့်တယ် အသစ်ကြီး

ပြန် ရိုက်ရတာ ပျင်းစရာ..အော်လိုက်တာနဲ့ တန်းပွင့်ရင် ဘီလောက် ကောင်းမလဲ...။


လိုချင်ရင် ဒီလင့်မှာယူ -http://www.facebook.com/Messager Ftalk
| No comments

ကိုသန်းထိုက်ဇော်၏ အသုံးဝင် posts လေးများ

| No comments

Photoshop ဖြင့် Web Design ရေးဆွဲနည်း စာအုပ်




Padonma.com ကရေးသားထားတဲ့ Photoshop ဖြင့် Web Design ရေးဆွဲနည်း စာအုပ် ( Web Designer's Guide to Adobe Photoshop) ဖြစ်ပါတယ်.. Web Designer သမားတွေအတွက် များပြားလှတဲ့ Web Designer Tools တွေကို သုံးစရာမလိုဘဲ Adobe Photoshop ကို သုံးပြီး ဆန်းသစ်လှတဲ့ Web Design ကောင်းတစ်ခု ဖန်တီးနိုင်ပုံကို ရှင်းလင်းလွယ်ကူအောင် ရေးသားထားပါတယ်.. မိတ်ဆွေများ လိုအပ်ရင် ဒေါင်းနိုင်ပါပြီ...

လှပသော ဒီဇိုင်းများဖန်တီးနိုင်ပါစေ..

     credit to မောင်ပေါက်

Download Links: 12.8 MB

| No comments

Pro Photoshop Lesson မြန်မာလို EBook



Pro တွေရဲ့ Photoshop Lesson 9 အုပ်ပါပါတယ် ခင်ဗျာ။ လက်ရာတွေကတော့ မှတ်သား စရာ တွေ ချည်းပါပဲ့ ခင်ဗျား။
MMphotoshop က lesson တွေကို အခုပဲ့ PDF  ပြောင်းပြီး တင်ပေးလိုက်တာ ပါ။ Photoshop သမားတွေတွက် အသုံးဝင်လှ ပါတယ် ခင်မျာ.... Download ရယူနိုင်ကြပါပြီ

                               1 click Download link
| No comments

Tattoo အပြင်မှာ မထိုးဘဲ ဓာတ်ပုံမှာလန်းချင်သူတွေအတွက် For Android



ခုနကပေးတာက ios အတွက်နော် ခုက android အတွက်ပုံထဲမြင်ရသလိုပါဘဲ Tattooကင်မရာကိုအသုံးပြုပြီးတော့ ကိုယ်ကြိုက်တဲ့ပုံထည့်ပြီး
face book မှာလန်းရပီပေါ့ဗျာ play.google မှာလေ့လာနိုင်ပါတယ်
Download>>>dropbox (or)go4up (or)1fichie (or)rapidshare (or)hotfile
| No comments

Advanced Mobile Care update



Advanced Mobile Careလေuးpdate လေးထွက်လို.တင်ပေးလိုက်ပါတယ်။သူ.ရဲလုပ်ဆောင်ချက်တွေကတော.အားလုံးသိကျပါတယ်။မိမိတို့ဖုန်းရဲ့ virus,task,Cache,Junk files တွေကို one click လုပ်ရုံနဲ့ဒီဆော့ဝဲလ်လေးက  ရှင်းလင်းပေမယ့် ဆော့ဝဲလ်လေးဖြစ်ပြီး Task killer, game booster ,app manager တို့ပါ လိုရင် လိုသလို အသုံးပြုနိုင်မှာဖြစ်ပါတယ် .. ဒါအပြင် မိမိတို့ မတွေ့မမြင်လိုတဲ့  ဗွီဒီယိုဖိုင်တွေ၊ ဓာတ်ပုံဖိုင်တွေကို လည်း ဘယ်သူမှ မသိအောင် ၀ှက်ထားနိုင်မှာဖြစ်ပါပြီး battery saver လေးပါ ထည့်ပေးထားတာကြောင့် အသုံးပြုသူတွေအနေနဲ့ တစ်ခု တည်းနဲ့ပြည့်စုံစေမှာပအရင်ဆုံး            GooglePlay Store မှာလေ.လာလိုက်ပါ။ကြိုက်လို.ရှိရင် အောက်မှာDownload link 2ခုပေးထားပါတယ်။မိမိအဆင်ပြေတဲ.linkမှာfree Download ရယူနိုင်ပါတယ်။

 Dropbox Link 

ZippyShare Link  

သူ.ရဲ. Features:တွေကတော.

● Mobile Anti-virus:
One touch anti-virus scan protects your device from viruses, malware, spyware, and suspicious apps. It also provides real-time protection from virus attacks when downloading a new app or unknown file.
● Anti-theft:
Turn on the Anti-theft function by setting a password, and then you can alarm, lock, or get location of the lost phone. Try these features of Anti-theft by tapping Find lost phone.
● Battery Saver:
Optional-Set battery saving mode to extend battery life as well as inform users about which apps consume the most battery power.
● Call Blocker:
Call Blocker helps you block unwanted calls. Add the unwanted calls into the blacklist manually or just block calls from non-contacts then you will not be disturbed by the unwanted calls.
● System Tuneup:
One touch scan can clean memory, cache and junk files to boost your phone's operating speed.
● Game Speeder:
Launch games with Game Speeder to make games run smoothly without lag or game-play disturbance.
● App Manager:
App Manager can batch delete APK files, move app to SD card, batch uninstall apps. It also can sort all apps by name, size or use frequency to identify large or unnecessary apps for removal.
● Task Killer:
Quickly shut off memory intensive and battery hogging apps with one touch.
● Privacy Locker:
Hide, lock, and protect your private photos, videos and files with a password.
● Privacy Advisor:
Scan and display all apps that access your personal information, such as personal data, contacts, locations, and SMS.
● Cloud Backup & Restore:
Backup and restore all your contacts and call logs from your previous device to a new one.
● Widget:
Perform quick scan directly from your Android desktop. Quick check system information and set a battery saving mode.
screen shot








| No comments

နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ

 


 နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ

တကယ် အခမဲ့ပါ။ မယုံလို့ တစ်ခုလောက် ဝင်ကြည့်လိုက်တာ ဗီဒီယိုဖိုင် ယူမလား၊ PDF လား၊ သင်ခန်းစာ Note ယူမလား အစရှိသဖြင့် စာသင်ခန်းမှာ ဆရာနဲ့ မတွေ့ရပေမယ့် တကယ့် သင်ရသလိုပါပဲ။

သို့ပေမယ့် နိုင်ငံတကာ ဆိုဒ်ဖြစ်တဲ့အတွက် အားလုံးက အင်္ဂလိပ်လိုချည်း ဖြစ်ပါတယ်။ အခြေခံအင်္ဂလိပ်စာ ဖတ်အား၊ ရေးအား၊ မှတ် အားလေးတော့ ရှိမှ အဆင်ပြေမယ် ထင်ပါတယ်။ ခု ပေးမယ့် ဆိုဒ်များက ကမ္ဘ့ာ့ ထိပ်တန်း အွန်လိုင်း အခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေချည်း ဖြစ်ပါတယ်။

အချို့ ဆို အွန်လိုင်းကနေပဲ သင်၊ အွန်လိုင်းကနေပဲ စာမေးပွဲဖြေလို့ ဒီပလိုမာတွေ တောင် ယူတယ်လို့ ကြားတယ်။ မြန်မာပြည်ကနေ ဆိုရင်တော့ လွယ်အုံးမယ် မထင်ပါဘူး။

ဒီတော့ အိမ်မှာ ကွန်ပြူတာရှိမယ်၊ အင်တာနက်လိုင်းရှိမယ်ဆိုရင် သင်လို့ ရပါ ပြီ။ လိုင်းအရမ်းကောင်းဖို့ မလိုပါဘူး။ သို့ပေမယ့် ဗီဒီယိုကြည့်ပြီးမှ သင်ချင်တယ် ဆိုတော့ နည်းနည်းစောင့်ရမယ့် သဘော ရှိပါတယ်။ သင်ခန်းစာတွေကို ကိုယ်ကြိုက်ရာ ရွေးလို့ရပါတယ်။

Science, engineering, art, economics, law, language များအပြင် အခြားအခြားသော ပညာရပ်ပေါင်း မြောက်များစွာလည်း ပါဝင်ပြီး ကိုယ်ကြိုက်ရာ ရွေးနိုင်ပါတယ်။ တကယ် လေ့လာနိုင်၊ မှတ်ယူနိုင်ရင် တကယ် ရပါတယ်။ ဒါကြောင့် အားလုံး အသုံးပြုလို့ရအောင် အခမဲ့ ပညသင် ကြားပေးတဲ့ ဝဘ်ဆိုဒ် လခ့်များအား မျှဝေ ပေးလိုက် ရပါတယ်။

➤ Massachusetts Institute of Technology (MIT)/OpenCourseWare

✤ Link: http://is.gd/0pm1n1

➤ Udacity / Free interactive College Classes

✤ Link: http://is.gd/xiFMtf

➤ Open Yale Courses / Freely Downloadable

✤ Link: http://is.gd/74Xwb4

➤ Coursera Free Online Courses

✤ Link : http://is.gd/LIDgMa

➤ ALISON Database / Free Online Diplomas

✤ Link: http://is.gd/cqkuBQ

➤ Khan Academy / Free Online Education

✤ Link : http://is.gd/qpJwVP

➤ Johns Hopkins OpenCourseWare

✤ Link: http://is.gd/YWSx0O

➤ Academic Earth Free Online Courses

✤ Link: http://is.gd/BIZJQz

➤ UC Berkeley Free Online Lectures

✤ Link: http://is.gd/mNyFEM

➤ Open University LearningSpace

✤ Link: http://is.gd/84CXnA

➤ Carnegie Mellon Open Learning Initiative

✤ Link: http://is.gd/ADEBmj

➤ University of Washington Video Lectures

✤ Link: http://is.gd/ePO5Me

➤ Tufts OpenCourseWare

✤ Link: http://is.gd/8ABGyb

➤ UC San Diego Podcast Lectures

✤ Link: http://is.gd/oGOjth

➤ AMSER (Applied Math and Science Education Repository)

✤ Link: http://is.gd/N51Mvh

➤ Utah State OpenCourseWare

✤ Link: http://is.gd/ZRew6t

➤ Free Video Lectures.com

✤ Link: http://is.gd/ObsSL5

➤ How-Stuff-Works / Free Online Science-Related Courses

✤ Link: http://is.gd/XEHory

➤ Wolfram Demonstrations Project

✤ Link: http://is.gd/0vbMWk

➤ Free Science and Video Lectures Online!

✤ Link: http://is.gd/JoOFQg

➤ LearningScience.org

✤ Link: http://is.gd/te9NqS

➤ Science.gov Databases

✤ Link: http://is.gd/g4ZK7B

➤ Connexions - Open-Content Library

✤ Link: http://is.gd/C9Inr5

➤ Sophia Free Online Courses

✤ Link: http://is.gd/JBsj55

➤ Honorable Mention: Peoi.org

✤ Link: http://is.gd/QbtScO

For more - http://is.gd/y7Fukg

Aung Kham (TSJ team)
From : Techspace

ZinYawNews
| No comments

Monday 25 March 2013

Floder အရောင်ပြောင်းချင်သူတွေတွက်


အရမ်းလှပါတယ်.ဒေါင်းရတာလဲမြန်ပါတယ်ဖိုင်ကနဲ့နဲ့
                                     ပဲရှိပါတယ်အရမ်းဆင်ပြေတယ်ဗျဝင်ဒေါင်းလိုက်ကြနော်
ဒီမှာ.ဝင်ဒေါင်းလိုက်ပါ
| No comments

WateryDesktop3D လေးနဲ့ သုံးကြရအောင်


သုံးရတာ အစဉ်ပြေသလို ဒေါင်းရတာလည်း လွယ်ပါတယ်.....(မိမိ ဓာတ်ပုံလေး ရေထဲမှာ ထည့်ကြည့်နေသလိုမျိုး လေးပါ....)

 

ကဲ....စမ်းသုံးကြည့်ရအောင်ခင်ဗျာ... 

အောက်မှာ ဒေါင်းယူလိုက်ပါခင်ဗျာ

download here
| No comments

LG ဖုန်းအတွက် All In One Root Toolkit



Facebook Group(COA) တွေထဲက ညီငယ်လေး Chateau Man ရေးထားတဲ့

LG အတွက် root tool kit လေးပါ

အားလုံးအတွက် အသုံးလိုတဲ့ အခါအလွယ်တကူရရှိနိုင်အောင် ဒီနေရာလေးမှာ ပြန်လည်မျှဝေလိုက်ပါတယ်
ဒီ LG All In One Root Toolkit လေးမှာ ..LG ဖုန်းအမျိုးအစား 13 ခု ပါပါတယ်.. ပြီးတော့ .

 သူ့ ကို ပြုလုပ်ပုံအသေးစိတ်ကိုလဲ ..Read Me ဆိုပြီးတော့ထည့်ပေးထားပါ.. LG Driver လည်း တပါ 

တည်းထည့်သွင်းပေးထားပါတယ် 

Muziwan ဆော့ဝဲလ်လည်း ထည့်သွင်းပေးထားပါတယ်.ကျွှန်တော် အကြံ ပြုလိုတာကတော့ မိမိ တခုခု လုပ်တော့မယ်ဆိုရင် သူ နဲ့ 

သက်ဆိုင်တဲ့ Read Me လေးကိုဖက်စေချင်ပါတယ်. ဒီ LG တွေ ကသူများနဲ့ အတူပဲ ရှုပ်တဲ့ဟာတွေကအတော့ကို ရှုပ်လို့ ပါ.. 

ကျွှန်တော် စစမ်းတုန်းကဆို ခေါင်းတောင်ကိုတ်ပါတယ်.. လွယ်တဲ့ဟာတွေ ကြတော့လည်း Unlockroot နဲ့ တင်ပီးပါတယ်.

.ဒီ အထဲမှာ Unlockroot , Super One Click , Gingerbread , .bat , အစရှိတာတွေလည်း ပါဝင်ပါတယ်.

 နောက်တခု အနေနဲ့ က ကျွှန်တော်အကြိုတ်ဆုံး သီချင်း ( ရဲရင့်အောင် ရဲ့ လွမ်းလွန်းလို့ သီချင်းကို ထည့်ပေးထားပါ တယ် ) 

( ကျွှန်တော် သဲကိုအရမ်းလွမ်းလို့ လေ..ဟီးးကြောညာဝင်တာ )
 

root tool kit ကိုတော့ အောက်မှာဝင်ဒေါင်းလိုက်ပါ


password တောင်းလာရင် ChateauMan လို့ ထည့်ပါ
| No comments

နည်းပညာ website များ


http://www.bitmyanmar.com.mm/kanaung/
www.mawcity.com = မှော်ဝင်မြို့တော်= ကွန်ပျူတာနည်းပညာများလေ့လာရန်။

www.slip-meepyatite.blogspot.com/ = SLIP MEE PYA TITE= ကွန်ပျူတာနည်းပညာများလေ့လာရန်။

http://www.meepyatite.info/ = မီးပြတိုက်= ကွန်ပျူတာနည်းပညာနှင့်အထွေထွေဗဟုသုတများလေ့လာရန်။

http://www.kyawswarnyein.com/ = ကိုကျော်စွာငြိမ်း = ကွန်ပျူတာနည်းပညာများလေ့လာရန်။

http://cadmyanmar.blogspot.com/ = CAD MYANMAR= အော်တိုကတ်နည်းပညာများလေ့လာရန်။

http://blog.nyilynnseck.com/ = ညီလင်းဆက်=ကွန်ပျူတာနည်းပညာများလေ့လာရန်။

www.mone-tine.com/ = မုန်တိုင်း= ကွန်ပျူတာနည်းပညာများလေ့လာရန်။

http://www.sbsangpi.com/ = IT RESHARE SITE= ကွန်ပျူတာနည်းပညာများလေ့လာရန်။

www.kp3family.blogspot.com/ = KP3 FAMILY=ကွန်ပျူတာနည်းပညာများလေ့လာရန်။

www.nyinaymin.com/ = ညီနေမင်း= ကွန်ပျူတာနည်းပညာများလေ့လာရန်။

www.knowledgewar07.com/ = ကိုမိုးထက်မြင့်= ကွန်ပျူတာနည်းပညာများလေ့လာရန်။

www.soemin.net/ = ကိုစိုးမင်း= ကွန်ပျူတာနည်းပညာများလေ့လာရန်။

www.kozaw357.multiply.com/ = ကိုဇော်= ကွန်ပျူတာနည်းပညာများလေ့လာရန်။

www.htootayzar.com/ = ထူးတေဇာ= ကွန်ပျူတာနည်းပညာများလေ့လာရန်။

http://mmshare.org/ = MM SHARE = ကွန်ပျူတာနည်းပညာများလေ့လာရန်။

http://www.myanmaritmen.org/ = အိုင်တီသမားများ= ကွန်ပျူတာနည်းပညာများလေ့လာရန်။

www.saturngod.net/ = စေတန်ဂေါ့= ကွန်ပျူတာနည်းပညာများလေ့လာရန်။

http://blog.mghla.net/ = မောင်လှ= ကွန်ပျူတာနှင့်ဓါတ်ပုံ နည်းပညာများ။

www.kokyawmyintoo.blogspot.com/ = ကိုကျော်မြင့်ဦး= ကွန်ပျူတာနည်းပညာများလေ့လာရန်။

www.problemclean.ning.com/ = MYANMAR IT DEVELOPMENT= နည်းပညာအကြောင်းဆွေးနွေးဖို့။

http://thanlonnge.net/ = သံလုံငယ်= ကွန်ပျူတာနည်းပညာများလေ့လာရန်။

www.sawsan23.tk =ကွန်ပျူတာနည်းပညာများလေ့လာရန်နှင့် ဆွေးနွေးရန်။

www.simplehelp.net = မိမိကွန်ပျူတာနဲ့ ပတ်သက်၍ ပြဿနာများရှိခဲ့လျှင် မေးမြန်းနိုင်သည်

www.helpwithpcs.com = ကွန်ပျူတာသင်ခန်းစာများကို အမျိုးအစားစုံလင်စွာလေ့လာရန်

www.asia-oss.net = Open Source စနစ်ကိုလေ့လာသူများ မဖြစ်မနေ၀င်လေ့လာသင့်သည်

www.wwpi.com = ကွန်ပျူတာပညာရပ်များအပြင်၊ Network ပညာများကိုလည်းသင်ယူနိုင်သည်

www.educational-software.com = ဆော့ဖ်ဝဲဘာသာရပ်များကို လေ့လာသင်ယူနိုင်ပါသည်

www.educationalsoftware.co.uk = ဆော့ဖ်ဝဲဘာသာရပ်များကို သင်ယူနိုင်ပါသည်

www.okino.com = ဂရပ်ဖစ်သုံးဆော့ဖ်ဝဲဘာသာရပ်များစွာကို လေ့လာနိုင်သည်

www.emailaccount.com = Domain များစွာကို စိတ်ကြိုက်ရနိုင်ပြီးလွယ်ကူသုံးချ အခမဲ့ရသော mail

www.gawab.com = Language များစွာကို စိတ်ကြိုက်ရနိုင်ပြီး လွယ်ကူစိတ်ကြိုက်ရနိုင်ပြီးလွယ်ကူသုံး ချ အခမဲ့ရသော mail

www.merriam-webster.com = အင်္ဂလိပ်စာလေ့လာသူများအတွက် အကောင်းဆုံးနေရာလေးပါ

www.learningpage.com = ဘာသာရပ်အစုံ လေ့လာချင်သူများအတွက်

www.shareme.com = ကွန်ပျူတာပညာရပ်များ၊ စီးပွားရေးပညာရပ်များအပါအ၀င် ဆော့ဖ်ဝဲလ်များအကြောင်းစုံလင်စွာလေ့လာရန်

http://search.imesh.com = ဒီဆိုက်မှာ ဆော့ဝဲလ်တွေအများကြီး free ဒေါင်းလို့ရတယ်

http://www.filehippo.com/ = စုံလင်တဲ့ Free Software ဆိုဒ်ပါ ။ လိုတဲ့ဆော့ဖ်ဝဲလ်ကိုသာ နာမည်ရိုက်တဲ့ပြီးရှာလိုက်ပါ

http://www.picget.net = မိမိဓါတ်ပုံတွေကို ဘောင်ဒီဇိုင်းအမျိုးမျိုးနဲ့ အလှပြုပြင်နိုင်တဲ့ ပေါ့ပေါ့ပါးပါး ပိုတိုဆောဖ့်ဝဲလ်တွေပါ

♥ ♥ ♥ နည်းပညာ ဖိုရမ် လမ်းညွှန် ♥ ♥ ♥

http://www.mmgeeks.org/forum/ = MM GEEKS= နည်းပညာဖိုရမ်များဖတ်ရှုရန်။

http://www.mmso.org/ = MMSO= ဖိုရမ်မှဗဟုသုတများရှာဖွေရန်။

www.aask.my-mm.org/ = MYANMAR OVERFLOW= ဗဟုသုတရစရာအမေးနှင့်အဖြေများ။

www.amyanmaritpros.com/ = MYANMAR IT PROFESSIONAL= နည်းပညာလေ့လာရန်။

www.mysteryzillion.org/ = MYSTERY ZILLON FORUM= နည်းပညာများဆွေးနွေးရန်။

www.problemclean.ning.com/ = MYANMAR IT DEVELOPMENT= နည်းပညာအကြောင်းဆွေးနွေးဖို့။

http://www.myanmartutorials.com/ = MYANMAR TUTORIALS= ကွန်ပျူတာနည်းပညာများလေ့လာရန်

http://www.mmphotoshop.net/ photoshop သင်ခန်းစာ များလေ့လာနိုင် ပါသည်။ ..

http://www.knowledgewar07.blogspot.com/ နည်းပညာ နှင့် E-books

http://www.thanlonnge.com/ နည်းပညာ

♥ ♥ ♥ အော်တိုကတ်နည်းပညာ လမ်းညွှန် ♥ ♥ ♥

http://cadmyanmar.blogspot.com/ = CAD MYANMAR = အော်တိုကတ်နည်းပညာများလေ့လာရန်။

http://www.creativelayer.net/ = CREATIVE LAYERအော်တိုကတ်နည်းပညာများလေ့လာရန်။

http://autocaddrawing.blogspot.com/ = အော်တိုကတ်ရေးဆွဲနည်း ပညာများလေ့လာရန်။

www.engineer4myanmar.com/search/label/AutoCAD/ = ENGINEER 4 MYANMAR အော်တိုကတ်လေ့လာရန်။

http://chan09.blogspot.com/ = CHAN 2009 = အော်တိုကတ်လေ့လာရန်။

♥ ♥ ♥ ဓါတ်ပုံနည်းပညာ လမ်းညွှန် ♥ ♥ ♥

http://www.yoeyar.com/ = ရိုးရာ= myanmar cg art gallery

http://www.mdasociety.com/ = MYANMAR DIGITAL ART SOCIETY= ဓါတ်ပုံနည်းပညာများလေ့လာရန်။

www.myanmarlensman.com/ = MYANMAR LENS MAN = မြန်မာ့ဓါတ်ပုံပညာများလေ့လာရန်။

http://99nagar.multiply.com/ = ဒီဇိုင်နာနဂါး = ဓါတ်ပုံဒီဇိုင်းပညာများလေ့လာရန်။

www.photoshoproadmap.com/ = PHOTOSHOP ROAD MAP = photoshop လေ့လာရန်။

www.mmphotoshop.net/ = MM PHOTOSHOP = mm photoshop tutorials

www.myozawlin23.blogspot.com/ = မျိုးဇော်လင်း = graphic design

♥ ♥ ♥ ၀က်ဒီဇိုင်းနည်းပညာ လမ်းညွှန် ♥ ♥ ♥

http://www.zack-notes.net/ = ၀က်ဒီဇိုင်းနည်းပညာများလေ့လာရန်။

http://www.phpmyanmar.com/ = PHP MYANMAR= ၀က်ဒီဇိုင်းနည်းပညာများလေ့လာရန်။

♥ ♥ ♥ မြန်မာဝက်ဆိုက်လမ်းညွှန် ♥ ♥ ♥

http://allmyanmarblogs.blogspot.com/ = ALL MYANMAR BLOGSမြန်မာဘလော့များရှာဖွေရန်။

www.sharbar.net/ = SHARBAR = မြန်မာဆိုက်များကိုရှာဖွေရန်။

www.searchmyanmar.com/ = SEARCH MYANMAR = မြန်မာဆိုက်များကိုရှာဖွေရန်။

http://webdirectory.all-channel.com/ = ALL CHANNEL = မြန်မာဆိုက်များကိုရှာဖွေရန်။

http://myanmardaily.net/ = MYANMAR DAILY ဆိုက်အမျိုးမျိုးမှနေ့စဉ်ဖတ်စရာများ။

♥ ♥ ♥ နည်းပညာ သတင်းလွှာ လမ်းညွှန် ♥ ♥ ♥

http://www.worldwidemyanmar.com/ = WORLD WIDE MYANMAR= နည်းပညာသတင်းများဖတ်ရှုရန်။

http://www.knowledgebridge.net/ = KNOWLEDGE BRIDGE= နည်းပညာမဂ္ဂဇင်းဖတ်ရှုရန်။=

www.onlineictreader.com/ = မြန်မာအိုင်စီတီသတင်းများဖတ်ရှုရန်။

www.myanmarinternetjournal.com/ = မြန်မာအင်တာနက်ဂျာနယ်
| No comments

Free Domain လေးတွေဖော်ပြပေးလိုက်ပါတယ်နော်

This summary is not available. Please click here to view the post.
| No comments

အချိန်ရှိခိုက်လုံ့လစိုက်

Template Design by Shihara | Published by New Blog Themes
Powered by Blogger