ကျွန်တော်က ကျူ၇ှင်တစ်ခုမှာ စာသင်တဲ့ ဆရာတစ်ယောက်ပေါ့၊
ရာဇာ...ကျူရှင်ဆိုတာ ကျွန်တော်စာသင်နှစ် (၈) နှစ် ပြည့်အလုပ်လုပ်ခဲ့တဲ့ နေရာလေးတစ်ခုပါ။
စာသင်ကျောင်းမှာ ဂုဏ်ထူးတွေ ထွက်သွားတဲ့ကလေးများ ကလဲ အချိန်တိုလေးအတွင်းမှာ မနည်းလှပါဘူး။
ကျွန်တော်တို့ရဲ့ စည်းလုံးညီညွတ်မှု ပေါ့။(Unity is Strength.)
စည်းလုံးညီညွတ်မှုဆို ပြောရအုံးမယ် ....
တစ်နေ့က တပို့တွဲလမှာ ထိုးလေ့ရှိတဲ့ ထမင်းနှဲ ထိုးပွဲကို ကျွန်တော်တို့ ကျုရှင်မှာ လည်း
ခါတိုင်းလို ထိုးကြတယ်လေ...
ပျော်ဖို့တော့် တော်တော် ကောင်းပါတယ်...
စိတ်ကတစ်ခါတစ်ရံ ထွက်ပေါက်လေးတွေရ သွားတာပေါ့ (အခုတောင် blog ရေးနေတာကို
စိတ်ထွက်ပေါက်လေးတစ်ခု အဖြစ်သတ်မှတ်ထားပြီ)
ကျောင်းကကလေးတွေက လိမ်မာ ကြပါတယ်...ဒီနေ (Matric - Entrance - Exam form)
ထုတ်ဖို့ဆိုပြီး ပြောနေကြသေးလို့ စိတ်အားတက်မိနေသေးတယ်
(သူတို့များ တော်တော်လေးဖြေဆိုဖို့ အသင့် ဖြစ်နေလောက်ကြပြီ ထင်လို့ပါ။)
|

No comments:
Post a Comment
အကြံလေးတွေပေးပါလား