Plenty က တကယ်တော့ Noun (နာမ်) ပေါ့။ သူက အရေအတွက် အများကို ညွှန်းချင်တဲ့
အချိန် သုံးတယ်။ တကယ်လို့ Adjective (နာမ၀ိသေသန) အနေနဲ့ သုံးရင် Plentiful
ဆိုပြီး သုံးရတယ်။ ဥပမာလေး ကြည့်လိုက်ရင် ပိုရှင်းသွားမယ်။
E.g., John had plenty work to do.
ဒီဥပမာလေးမှာ Plenty ကိုသုံးထားတာ မှန်ပေမယ့် "of "ဆိုတဲ့ Preposition မပါတဲ့ အတွက် သဒ္ဒါ မမှန်ဘူးဆိုရမယ်။ တကယ် အမှန်သုံးသင့်တာက
Died and Dead ကိုလဲ တော်တော်များများ မှားသုံးတတ်ကြသေးတယ်။ ပထမတစ်ခုက Past
Tense and Past Participle ဖြစ်လို့ သူ့ကို အတိတ်က ဖြစ်ခဲ့တဲ့
အကြောင်းတွေကို ပြောမယ့် အချိန်နဲ့ Passive Sentences တွေမှာ သုံးတယ်။ Dead
ကကျတော့ Adjective အနေနဲ့ သုံးရတာပါ။ ဒါဆို ဒီစာလုံးတွေကို
စာကြောင်းတွေမှာ ဘယ်လိုသုံးကြမလဲ? အောက်မှာ ပြထားတဲ့ ဥပမာလေးတွေကို
ဆက်ကြည့်ရအောင်နော်။
E.g., 1. His grandfather died yesterday.
2. His grandfather is dead.
E.g., 1 and 2 နှစ်ခုလုံးက မှန်နေတယ်။ ဒါဆို ဘယ်လို ပုံစံနဲ့ မှားတတ်ကြလဲ
ကြည့်ရအောင်။ များသောအားဖြင့် သတိထားမိတာက Eg 1 မှာ ပြထားတဲ့ died နေရာကို
His grandfather was died yesterday. ဆိုပြီး မှားသုံးတတ်ကြတယ်။
Chaos.
Work က ရေတွက်လို့မရသော (uncountable noun) ဖြစ်လို့ s ထဲ့သုံးလို့မရပါဘူး။
ဒါကြောင့် သူ့ကို Many, few အစရှိတဲ့ Plural (အများ) မှာ တွဲသုံးတဲ့
စာလုံးတွေနဲ့ သုံးရင် မမှန်တော့ဘူး။
e.g., I have many works to do.
ဒီစာကြောင်းဟာ သဒ္ဒါ အထားအသို၊ သဒ္ဒါ စည်းကမ်းနဲ့ မညီပါဘူး။ အဲ့ဒီအစား
ရေတွက်လို့မရသော (uncountable noun) နဲ့ တွဲသုံးတဲ့ Much, little တို့နဲ့
သုံးမယ်၊ s ကိုဖြုတ်ထားမှသာ မှန်ပါမယ်။ ဒီလိုလေး သုံးလို့ရတယ်။ e.g., I have much work to do.
နောက်တစ်ခုက a lot of ဆိုတဲ့ စကားစုက ရေတွက်လို့ရသော (countable noun)၊
ရေတွက်လို့ မရသော (uncountable noun) နှစ်မျိုးလုံးနဲ့ တွဲသုံးလို့ ရတယ်။
Countable နဲ့ သုံးရင် s, es တွေ ထဲ့ပေးမယ်၊ Plural ကို ပြောင်းပေးမယ်။
ဒါပေမယ့် Uncountable နဲ့သုံးရင် သူ့ Grammar Rule အရ s,es မထဲ့ပါဘူး။
ဒါကတော့ a lot of ရဲ့ သုံးပုံသုံးနည်းလေးပါ။
e.g., I have a lot of things to do today.
I have a lot of free time during these days.
ခုနက work အကြောင်းကို ပြန်ပြောရအောင်။ တစ်ချို့သော နေရာတွေမှာ works
ဆိုပြီး သုံးနိုင်တယ်။ ဘယ်လို အခြေအနေတွေလဲ ဆိုရင်.. စက်ရုံ (factory) နဲ့
သက်ဆိုင်သော ဒါမှမဟုတ် စာရေးဆရာ၊ ပန်းချီဆရာ တွေရဲ့ အနုပညာ လက်ရာတွေ
အကြောင်းကို ပြောမယ်ဆိုရင်တော့ သူ့ကို Plural အနေနဲ့ သုံးလို့ရတယ်။
e.g., The works of Shakespeare are remarkable.
ဒါကတော့ စာရေးဆရာရဲ့ လက်ရာတွေကို ပြောတဲ့ အနေနဲ့ သုံးထားတယ်။
e.g., The steel works could be seen from miles.
ဒီဥပမာလေးကတော့ စက်ရုံနဲ့ ဆိုင်တဲ့ အခြေအနေ၊ အရာဝတ္ထုတွေကို ညွှန်းတဲ့ အချိန် သုံးထားတာပါ။
ခုရေးတဲ့ စာတွေထဲက တစ်ခုခု မသိသေးတာကို ဖတ်မိသွားလို့ မှတ်မိသွားမယ်ဆိုရင် ကျေနပ်ပါပီ.
ဒီနေ့တော့ Nouns မှာမှ အရေအတွက် ကို ဖော်ပြတာနဲ့ ပတ်သက်ပြီး မှားတတ်တာလေးတွေ ပြောပြချင်တယ်။ ကဲ စလိုက်ရအောင်နော်..
ပထမဆုံး စာလုံးအနေနဲ့ " advice " သူ ဟာ Uncountable noun (
ရေတွက်လို့မရဘူး) ဒါကြောင့် သူ့အနောက်မှ s, es ထဲ့ပြီး advices ဆိုပြီး
သုံးလို့မရဘူး။ တကယ်လို့ အကြံဥာဏ် တစ်ခုပေးတယ် လို့ ပြောချင်ရင်
သုံးလို့ရတာက " A piece of advice" ဆိုပြီး သုံးလို့ရတယ်။
ဥပမာ
John gave me some good advice.
ဒီစာကြောင်းမှာ some ဆိုတာကို သုံးထားတယ်။ some က Joker လိုပဲ countable
nouns( ရေတွက်လို့ရတဲ့ နာမ်) နဲ့ uncountable nouns ( ရေတွက်လို့ မရတဲ့
နာမ်) နှစ်မျိုးလုံးမှာ သုံးလို့ရတယ်။့အပေါ်က ပေးထားတဲ့ ဥပမာမှာ some ကို
Uncountable noun ဖြစ်တဲ့ " advice" ရှေ့မှာသုံးထားတယ်။
နောက်တစ်ခုကတော့ "Information" ပါ။
ဒီစာလုံးဟာနဲ့ advice လိုပဲ Uncountable Noun ဖြစ်တယ်။ ဒါကြောင့် သူ့ကို s,es ထဲ့သုံးလို့ မရသလို အရှေ့မှာ
articles a,an တွေနဲ့လဲ တွဲသုံးလို့မရဘူး။
ဥပမာ
I need much information about this subject.
I need many informations about this subject.
ပထမ ဥပမာမှာ Much and Information ကို အတူတူ သုံးထားတယ်။ ဆိုလိုတာက
Uncountable Nouns အတွက် သုံးလို့ရတာက Much ...သူက အရေအတွက်ကို ပြတာ
မှန်ပေမယ့် ရေတွက်လို့မရတဲ့ နာမ်နဲ့ တွဲသုံးတာ ဖြစ်တဲ့အတွက် s, es
မထဲ့ရဘူး။ ဒုတိယ ဥပမာကို ကြည့်လိုက်ရင် ပိုရှင်းသွားတယ်။ Information (
Uncountable Noun) ကို s,es ထဲ့လို့မရတဲ့ အပြင် many ဆိုတဲ့ Countable
Nouns ( ရေတွက်လို့ရသော နာမ်) တွေ အတွက်ပဲ သုံးတဲ့ အရေအတွက်ပြ စာလုံးနဲ့
တွဲသုံးထားလို့ ဒုတိယ ဥပမာဟာ မမှန်ပါဘူး။
ကဲ ဒီနေ့တော့ ဒီလောက်နဲ့ပဲ ခဏရပ်ထားလိုက်မယ်။ ဒီသင်ခန်းစာ အဆက်ကို နောက်ရက်
နောက်ရက်တွေမှာ အချိန်ရအောင်ရှာပြီး အင်္ဂလိပ်စာ ဘလော့မှာ တင်နိုင်အောင်
ကြိုးစားသွားပါမယ်။
တစ်လနေမှ တစ်ပုဒ်တင်ပေးနိုင်တယ်။
စိတ်မကောင်းပါဘူး။ အခုဆိုရင် ဒီဘလော့လေးမှာ လေ့လာတဲ့သူတွေလဲ အတော်လေးကို
များလာပါပြီ။ စာဖတ်သူရှိနေခြင်းက စာရေးသူရဲ့ အားတစ်ရပ်ပါပဲ။
တတ်နိုင်သလောက်တော့ တင်ပေးနိုင်အောင် ကြိုးစားပေးနေဦးမယ်။ နောင်တစ်ချိန်
အကြောင်းအမျိုးမျိုးကြောင့် ပို့စ်အသစ်တွေ မတင်ပေးနိုင်ခဲ့တော့ရင်လဲ
အားလုံးကို နားလည်ခွင့်လွှတ်ပေးပါလို့ ကြိုတင် မေတ္တာ ရပ်ခံပါရစေနော်။
ဒီတစ်ခေါက် ပို့စ်လေးကတော့.
Alone
ဆိုတဲ့ စာလုံးကို Adj အနေနဲ့ သုံးနိုင်သလို Adv အနေနဲ့လဲ သုံးနိုင်ပါတယ်။
ဘယ်လိုပဲသုံးသုံး သူ့အဓိပ္ပါယ်ကတော့ ဘယ်လူတစ်ဦးတစ်ယောက်မှ မရှိနေပဲ
ကိုယ်တစ်ယောက်ထဲ ရှိနေတာကို ဆိုလိုတာပါ။
For example: "He likes living alone."
ဥပမာလေးကို ကြည့်မယ်ဆိုရင် သူသည် တစ်ယောက်တည်း နေရခြင်းကို ကြိုက်နှစ်သက်သည်။
"I think we're alone now."
ဒီ Example လေးမှာကျတော့ တစ်ခြားဘယ်သူမှ မရှိတော့ဘဲ နှစ်ယောက်ထဲပဲ ကျန်ခဲ့ခြင်းကို ဆိုလိုတာပါ။
Lonely
ကတော့ Adj ဖြစ်တယ်။ ဒါက ရှည်ရှည်ဝေးဝေး ပြောမယ်ဆိုရင် ကိုယ်နားမှာ တစ်ခြား
ဘယ်သူမှမရှိတော့တဲ့ အတွက် စိတ်မချမ်းမြေ့နေဘူး။ တစ်နည်းအားဖြင့်
အထီးကျန်နေခြင်းကို ဆိုလိုတာပါ။
For example: "Mother feels lonely now because all the children have left home."
အမေက အထီးကျန်နေတယ်….ကလေးတွေ အကုန်လုံး အိမ်မှာရှိမနေလို့…
တစ်ခုသတိထားရမှာက
ကိုယ်က တစ်ယောက်တည်းရှိနေခြင်းကို အထီးကျန်နေခြင်း ဖြစ်တယ်လို့
မဆိုလိုပါဘူး။ တစ်ယောက်တည်း ကျန်ခဲ့ပေမယ့် အထီးကျန်ချင်မှကျန်မယ်။
တစ်ခါတစ်ခါ အများနဲ့ ရှိနေပေမယ့်လည်း ကိုယ်က အထီးကျန်တယ်ဆိုတဲ့ ဝေဒနာရဲ့
နှိပ်စက်ခြင်းကို ခံခြင်းလဲခံနေရမယ်။ ဒါကြောင့် alone လို့ပြောတိုင်း
lonely မဖြစ်နိုင်ဘူး။ ဒါကတော့ ဒီစာလုံးနှစ်လုံးရဲ့ ကွာခြားချက်လေးပါပဲ။
စာလာဖတ်သူအားလုံး ရွှင်လန်းချမ်းမြေ့တဲ့ နေ့သစ်များစွာကို ပိုင်ဆိုင်နိုင်ပါစေ။
May
all readers have a bright future. As learning is a never ending
process, the more we learn the more we realize that we don't have enough
knowledge. That's how learning makes people keep alive.Thanks to all
readers.
chaos
အခုတစ်လော အင်္ဂလိပ်စာ ဘလော့လေးအတွက်
နဲနဲလေး ရောနှောတတ်တဲ့ စာလုံးဆင်တူလေးတွေကို တင်ပေးဖို့ စိတ်ကူးထားမိတယ်။
စိတ်ကူးထားတယ်ဆိုတော့ ဖြစ်အောင်လုပ်ဖို့လဲ စိတ်ထည့်ထားပါတယ်။ တော်တော်ကြာမှ
တစ်ပုဒ်လောက်ပဲတင်တင်ပေးနိုင်တာ စိတ်မကောင်းပါဘူး။ ဆက်လက်ပြီး
ကြိုးစားတင်ပြပေးပါ့မယ်။ အားပေးမှု၊ လေ့လာမှု အားလုံးကို
ကျေးဇူးအထူးတင်ရှိပါတယ်။
accept vs exceptAccept is a verb, which means to agree to take something .
Accept ဆိုတဲ့ စာလုံးလေးရဲ့ အဓိပ္ပါယ်က တစ်စုံတစ်ခုကို ယူဖို့ သဘောတူညီခြင်း။ တစ်နည်းအားဖြင့်ပြောရင် လက်ခံခြင်းပေါ့။
For example: "I always accept good advice."
ဥပမာ။ ။ ကျွန်ုပ်သည် အကြံဥာဏ်ကောင်များကို အမြဲတစ်စေ လက်ခံလေ့ရှိသည်။
Except is a preposition or conjunction, which means not including.
Except ကတော့ စကားဆက်ပုဒ် တစ်ခုပေါ့။ သူ့ ရဲ့အဓိပ္ပါယ်က "မပါဝင်ဘူး" "မှလွဲ၍" လို့ ဆိုလိုပါတယ်။
For example: "I teach every day except Sunday(s)."
ဥပမာ။ ။ ကျွန်ုပ် နေ့တိုင်း တနင်္ဂနွေနေ့မှ လွဲ၍ နေ့တိုင်း စာသင်ပေးတယ်။
advice vs advise Advice
is a noun, which means an opinion that someone offers you about what
you should do or how you should act in a particular situation.
Advice
ကတော့ နာမ်ပုဒ်တစ်ခုဖြစ်ပြီး အခြေအနေတစ်ခုမှာ တစ်စုံတစ်ယောက်က သင့်ကို
ဘယ်လိုပြောဆိုသင့်တယ်။ ဘယ်လိုလေးတော့ ပြုမူသင့်တယ် ဆိုပြီးမှ
အကြံပေးပြောဆိုတဲ့ စကားနဲ့ ထင်မြင်ချက်လေးတွေပေါ့။ တစ်နည်းအားဖြင့်
အကြံဥာဏ်ကို ဆိုလိုခြင်းဖြစ်ပါတယ်။
For example: "I need someone to give me some advice."
ဥပမာ။ ။ တစ်စုံတစ်ယောက်က ကျွန်ုပ်ကို အကြံဥာဏ် တစ်ချို့ပေးဖို့လိုအပ်နေပြီ။
ဒီနေရာမှာ advice ကို some advice လို့သုံးသလို တစ်ခါတစ်ရံ a piece of advice ဆိုပြီးလဲ သုံးနှုန်းလို့ ရပါတယ်။
Advise is a verb, which means to give information and suggest types of action.
Advise
ကတော့ ကြိယာပေါ့။ ဆိုလိုတာက လိုအပ်တဲ့ သတင်းအချက်အလက်တွေကိုပေးမယ်။
ဒါမှမဟုတ်ရင် အကြောင်းအရာတစ်ချို့အတွက်၊ လုပ်ဆောင်ချက်တွေအတွက်
အကြံပြုမယ်ပေါ့။
For example: "I advise everybody to be nice to their teacher."
ဥပမာ။ ။ လူတိုင်းကို ကျွန်ုပ် အကြံပြုချင်တာကတော့ သူတို့ရဲ့ ဆရာသမား အပေါ်မှာ ကောင်းမွန်စွာ ဆက်ဆံဖို့ပါပဲ။
သြော် …ပြောဖို့ကျန်တော့မလို့။
အင်္ဂလိပ်စာမှာ
များသောအားဖြင့် Noun form တွေဟာ ……ice ဆိုတဲ့ စာလုံးလေးနဲ့
အဆုံးသတ်လေ့ရှိပြီး Verb form တွေကတော့ ……ise ဆိုတဲ့ စာလုံးလေးနဲ့ အဆုံးသတ်
လေ့ရှိပါတယ်။
chaos
i.e. and e.g ၏ခြားနားချက်များ
e.g.
ဆိုသော စကားလုံးမှာ “ exempli gratia ” ဆိုသော
စကားလုံးမှဆင်းသက်လာခြင်းဖြစ်ပါတယ်။ ဗမာလို အဓိပ္ပါယ်ပြန်ရရင်တော့
“ဥပမာအားဖြင့်” လို့ဆိုလိုနိုင်ပါတယ်။
For example: "I like fast cars, e.g. Ferrari and Porche
အမြန်ကားတွေကို
ကျွန်ုပ် နှစ်သက်သည်။ ဒီ စာကြောင်းမှာ နှစ်သက်မိတဲ့
ကားနှစ်မျိုးနှစ်စားကို e.g. Ferrari and Porche ဟုရေးထားပါတယ်။ ဒီဥပမာက
ရိုရိုးလေးပါ။ ဥပမာအားဖြင့်ဆိုပြီး ကိုယ်နှစ်သက်ရာ အမျိုးအစားကို
ဖော်ပြသွားခြင်းပါတယ်။
i.e. ကတော့ “id est” ကို ကိုယ်စားပြုပါတယ်။
အဓိပ္ပါယ်ကတော့ “that is” ပေါ့။ ကိုယ်ရှင်းပြနေတဲ့ စာပိုဒ်ထဲကားနေ
ပြန်ညွှန်းပြခြင်းကို ဆိုလိုပါတယ်။
For example: "I like fast cars, i.e. any car that can go over 150mph."
ဒီအပေါ်က
ဥပမာလေးကို ကြည့်ရင် သိသာနိုင်ပါတယ်။ အမြန်ကားတွေကို သဘောကျတယ်။ “i.e.” က
အဲ့စာကြောင်းလေးမှာ ဘယ်အမြန်ကားမဆို ညွှန်းထားတာ ဖြစ်ပါတယ်။
ရောတတ်တာလေးတွေကို တတ်သလောက် မှတ်သလောက် စုစည်းတင်ပြခြင်းဖြစ်ပါတယ်။ အဆင်ပြေကြပါစေနော်။
ခေးရော့စ်
အင်္ဂလိပ်လူမျိုး တစ်ချို့ ယုံကြည်ထားတာက ize နဲ့ဆုံးတဲ့ စကားလုံးတွေ...... ဥပမာပြောရရင် " organize " ။ အဲ့ဒါကို အမေရိကန် စာလုံးဆိုပြီးယူဆထားပြီး တကယ့် စာလုံးပေါင်း အမှန်က " organise" ဖြစ်ရမယ်ပေါ့။
Oxford University က computerize, capitalize, capsize, organize, organization, privatize, publicize, realize အစရှိတဲ့ စာလုံးတွေမှာဆိုရင် ize နဲ့ဆုံးသင့်တယ်ပေါ့။
analyse, advertise, advise, arise, compromise, disguise, despise, enterprise, exercise, merchandise, revise, supervise, surprise အစရှိတဲ့ စာလုံးတွေကိုတော့ ise နဲ့ဆုံးရမယ်ပေါ့။
Concise Oxford Dictionary မှာ ရှာမယ်ဆိုရင်တော့ နှစ်မျိုးလုံး သုံနှုန်းထားတာ တွေ့နိုင်တယ်။
e.g., 'realise' or 'realize', 'organise' or 'organize' ။ တစ်ချို့ စာလုံးတွေကို ကျပြန်တော့လည်း
'analyse' = British English, 'analyze' = American English ဆိုပြီး ခွဲထားပေးတာရှိတယ်။
ဒါပေမယ့် ise နဲ့ ize စာလုံးပေါင်းနဲ့ ပါတ်သက်လို့ ဒီအောက်က အချက်လေးတွေက ထောက်အကူပြုနိုင်ပါတယ်။
- Noun and verb: စာလုံးတစ်လုံးထဲကပဲ Noun ကိုရော၊ Verb ကိုရော ကိုယ်စားပြုပြီး စာလုံးပေါင်းလို့ရမယ်ဆိုရင် ise ကိုသုံးတယ်။ (like “exercise”)
- Pronunciation: ဥပမာ စာလုံးတစ်လုံး -eyes (အိုင်း) လိုအသံမထွက်တဲ့ဟာမျိုးဆိုရင် ise ကိုသုံးတယ်။ ဥပမာ အားဖြင့် “promise”
- Stem: နောက်ပြီး Latin, Greek စာလုံးက ဆင်းသက်လာတဲ့ အင်္ဂလိပ်စာလုံး မှာ is နဲ့ဆုံးတယ်ဆိုရင် ise ကိုသုံးတယ်။ ဥပမာ vis နဲ့ဆုံးတဲ့ စာလုံးတစ်လုံးဆိုပါစို့။ ဒါဆိုရင် သူ့ကို "televise" ဆိုပြီးတော့သုံးပါတယ်။
* အခုအပေါ်မှာ ဖော်ပြထားတဲ့ အချက်နဲ့မကိုက်ညီတဲ့ စာလုံးတွေကိုတော့ ize သုံးတယ်။ *
တော်လွန်းတတ်လွန်း၍
ဆရာလုပ်နေခြင်းမဟုတ်ပါ။ ဆက်လက်သင်ယူရင်း၊ လေ့လာရင်း၊ အသုံးတည့်မည် ထင်သော
သင်ခန်းစာများကို မျှဝေပေးခြင်းသာ ဖြစ်ပါတယ်။
ခေးရော့စ်
အရင်ပို့စ်မှာ ၀ါကျဖွဲ့စည်းပုံလေးကို ပဏာမ ပြောသွားပါတယ်။
S+V+O(PTMR) ဆိုပြီး အလွယ်မှတ်ခဲ့ပါတယ်။
အဲဒီမှာမှ
subject နဲ့ object တွေမှာ noun, pronoun နဲ့ singular, plural ပုံစံတွေ
ထပ်မံသိဖို့ လိုအပ်သလို verb မှာလဲ verb to do, verb to be, helping verb
နဲ့ phrasal verb တွေအကြောင်း verb တွေရဲ့ tense တွေအကြောင်း၊ active,
passive ပုံစံတွေအကြောင်းလဲ ထပ်မံသိဖို့ လိုအပ်ပါသေးတယ်။ ပြီးတော့ ဒီ noun
တွေ verb တွေကို ထူးခြားအောင် လာလုပ်ပေးတဲ့ adjectives, adverbs
(နာမ၀ိသေသန၊ ကြိယာဝိသေသန) တွေ အကြောင်းလဲ ဆင့်ပွားသိရှိ အသုံးချရပါမယ်။
အဲဒါတွေကိုတော့ နောက်မှ ထပ်ပြီး ဆွေးနွေးပြောပြချင်ပါတယ်။
ဒီပို့စ်မှာတော့
verb to be နဲ့ ပါတ်သက်ပြီး be, am, is, are, was, were, been, being
တွေရဲ့ အဓိပ္ပါယ် သက်ရောက်ပုံ ရှိသည်၊ ဖြစ်သည် ပေါ်မှာ မူတည်ပြီး အနောက်မှာ
လိုက်တဲ့ noun သည် object အနေနဲ့ မဟုတ်တော့ပဲ complement(ဖြည့်စွက်ပုဒ်)
အဖြစ် ခေါ်ဝေါ်သုံးစွဲပုံလေးကို ပြောပြချင်တာပါ။
ဥပမာ-
Mg Mg is a teacher.
မောင်မောင် သည် ဆရာ တစ်ယောက် ဖြစ်ပါသည်။
Mg Mg = Subject
is = verb to be
a teacher= complement (ကံပုဒ် object မဟုတ်တော့ပါ)။
နောက်ထပ် ဥပမာတခုအနေနဲ့ There was a very pretty girl in this ancient city. ဆိုပါတော့
ဤရှေးဟောင်းမြို့တော်တစ်ခုတွင် အလွန်လှပသော မိန်းကလေးတစ်ယောက် ရှိခဲ့သည်။
a very pretty girl = complement
There = subject
was = verb to be
in this ancient city = place(adverb)
အဲတော့ S+V+complement ဆိုပြီးဖြစ်ပါတယ်။
နားလည်လွယ်ပါတယ်နော်။
တလက်စတည်း adjective လို့မခေါ်ဝေါ်ပဲ Nouns in position (မြန်မာလို ဘယ်လိုခေါ်ပ၊ သိရင်ပြောပေးကြပါဦး)
အနေနဲ့ အသုံးပြုတဲ့ ပုံစံတခုကို ပြောပြချင်ပါတယ်။
အဲဒါကတော့
ကိုယ်ပိုင်နာမ်(private noun) တခုကို ထူးခြားအောင် ဖေါ်ပြချင်တဲ့
အခါမျိုးမှာ နာမ၀ိသေသနနဲ့ တွဲဖက်ဖေါ်ပြလို့ မရပဲ အဲဒီ nouns in position
ပုံစံလေးနဲ့ အသုံးပြုရပါတယ်။
ဥပမာ- Mg Mg, a young business man, donate 10,000 $ to MBS for fire rescue fund.
မြန်မာလိုမှာတော့
လူငယ်စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ မောင်မောင်သည် မီးဘေးကယ်ဆယ်ရေး
ရံပုံငွေအတွက် ဒေါ်လာ တစ်သောင်းကို MBS သို့ လှူဒါန်းပါသည်။ အဲလို
ရေးလို့ဖြစ်ပေမဲ့
အင်္ဂလိပ်လိုမှာကတော့ မောင်မောင်ကို တိုက်ရိုက်
adjective နဲ့ အထူးပြုဖေါ်ပြလို့ မရတဲ့ အတွက် ကော်မာခံပြီးမှ အဲလို
ဖြည့်စွက်ဖေါ်ပြသွားရပါတယ်။ ဘာသာပြန်တဲ့အခါမှာတော့ မောင်မောင်သည်
မီးဘေးကယ်ဆယ်ရေး ရံပုံငွေအတွက် ဒေါ်လာ တစ်သောင်းကို MBS သို့ လှူဒါန်းပါသည်။
မောင်မောင်ဆိုသည်မှာ လူငယ်စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်ပါသည် ဆိုပြီး
နှစ်ကြောင်း အဓိပ္ပါယ် ပြန်ရပါမယ်။
နောက်ဥပမာ တခု ထပ်စဉ်းစားကြည့်ရအောင်နော်။
Mandalay, the second largest city, was the last Kingdom of the Myanmar Dynasty before the British took over.
အဲဒီမှာ မန်းလေးကို ဒုတိယအကြီးဆုံးမြို့တော်ဆိုပြီး ဖြည့်စွက် အထူးပြုသုံးနှုံးထားတာပါ။
စကားစပ်တုန်း ဘာသာပြန်တာလေးရဲ့ အစီအစဉ်ကိုလဲ ပြောပါရစေ။
အင်္ဂလိပ်မှာ
subject, verb, object တွေနဲ့ ၀ါကျထဲမှာ ပါဝင်မှုတွေကို ABC လို့
အစဉ်လေးလုပ်ကြည့်ရင် မြန်မာလို ဘာသာပြန်တဲ့ အခါ CBA အဖြစ်ဘာသာပြန်ရပါမယ်။
လောလောဆယ်မှတ်ရုံမှတ်ထားပေးပါ။ နောက်များ ကြုံရင် ဥပမာလေးနဲ့ တကွ
တင်ပြပါမယ်နော်။
လာဖတ်သွားရင် ကျမပြောသွားတဲ့ ထဲက လိုအပ်ချက်လေးများတွေ့ခဲ့ရင် ညွှန်ပြဝေဖန်အကြံပေးသွားကြပါဦးလို့..
ကျေးဇူးတင်ပါတယ်။
ပထမဦးဆုံး စတင်ဆွေးနွေးလိုတာကတော့ အင်္ဂလိပ်စာရဲ့ အခြေခံအကျဆုံးဖြစ်တဲ့
Eight Parts of Speech ကို ဆွေးနွေးလိုပါတယ်. မြန်မာသဒ္ဒါမှာတော့ ၀ါစက (၈)
မျိုးလို့ ခေါ်ပါတယ်ခင်ဗျာ. အဲဒါတွေကတော့
1. Noun (နာမ်)
2. Pronoun (နာမ်စား)
3. Verb (ကြိယာ)
4. Adverb (ကြိယာဝိသေသန)
5. Adjectives (နာမ၀ိသေသန)
6. Preposition (ရှေ့ဆောင်ပုဒ် (၀ါ) ၀ိဘတ်) (နေရာရှေ့ဆက်များ)
7. Conjunction (စကားဆက် (၀ါ) သမ္ဗန္ဓ)
8. Interjection (အာမေဍိတ်)
စသည်တို့ပဲ ဖြစ်ပါတယ်.
အဲဒီ့
ဝါစက ရှစ်မျိုးကို အသုံးပြုပြီးတော့ ၀ါကျများကို တည်ဆောက်ထားခြင်းပဲ
ဖြစ်ပါတယ်ခင်ဗျာ. ဒီ ၀ါစကရှစ်မျိုးကို ကျွမ်းကျင်ပိုင်နိုင်စွာ
တတ်မြောက်ရင်တော့ English Grammar ကို ပိုင်နိုင်သူတစ်ယောက် ဖြစ်ဖို့
ရာခိုင်နှုန်းအများကြီး ရှိသွားပါပြီလို့ ဦးဦးကထိက က ပြောပါတယ်။
အခု ဆရာမ မယ်လိုဒီမောင်ကနေပြီးတော့ ဒီဝါစင်္ဂ ၈မျိုးကို အခြေခံ ဘယ်လို ထားသိုရေးသားရမလဲဆိုတာ ဆက်လက် ပြောပြချင်တာပါ။
English မှာ sentence construction (၀ါကျ ဖွဲ့စည်းပုံ) မှာ နှစ်မျိုး အရင် ခွဲခြားလိုပါတယ်။ အဲဒါကတော့
Simple sentence (ရိုးရှင်းလွယ်ကူသော ၀ါကျ) နှင့် Complex sentence (ထွေပြားသောရှုပ်ထွေးသော ၀ါကျ) လို့ပဲ မြင်ကြည့်ချင်ပါတယ်။
Simple sentence Construction အနေနဲ့ဆိုရင် S+V+O(PTMR) ဆိုပြီး အလွယ်မှတ်ကြပါစို့။
ဒီနေရာမှာ S ဆိုတာ Subject (ပြုလုပ်သူ) ကိုပြောတာပါ။
V
ကတော့ Verb(ပြုခြင်း၊လုပ်ခြင်း သို့မဟုတ် ကြိယာ) ကိုဆိုလိုပြီးတော့ O
ကတော့ Object(အပြုခံရသူ) ဖြစ်ပါတယ်။ PTMR ကတော့ ကြိယာဝိသေသန (Adverbs
များဖြစ်ကြတဲ့ place, time, manner, reason) နေရာ၊ အချိန်၊ အပြုအမူနဲ့
အကြောင်းပြချက်တို့ဖြစ်ပါတယ်။
အဲဒီတော့ ကျမဆိုလိုချင်တာက
ရိုးရှင်းသောဝါကျတစ်ကြောင်းဖွဲ့စည်းဖို့ ဒီအစီအစဉ်ကို
အလွတ်မှတ်သားစေချင်ပါတယ်။ မြန်မာသဒ္ဒါလိုဆိုရင် ကတ္တား+ကြိယာ+ကံပုဒ် နှင့်
ကြိယာဝိသေသန တို့ ဆိုတဲ့ အတိုင်းဖြစ်ပါတယ်။
နမူနာလေးတွေ ရေးကြည့်မယ်ဆိုရင်..
I drink coffee daily. Where as I = S; drink= V; coffee= O and daily = T
Mg
Mg held Birthday Party at Park Royal Hotel Last Night. Where as Mg Mg=
S; held= V; Birthday Party=O; at Park Royal Hotel=P and Last Night=T
တကယ်လို့
ဥာဏ်ကွန့်မြူးမယ်ဆိုရင် Happily ဆိုပြီး အပြုအမူ Manner ကို သူ့နေရာ
အလိုက် နောက်ဆုံးမှာ ထည့်သုံးလို့ ရပါတယ်။ (မှတ်ချက်၊။ အကယ်၍ Last Night
ဆိုတဲ့ အချိန်ကို ရှေ့ဆုံးမှာ ကော်မာခံပြီးရေးမယ်ဆိုလဲ
ဦးစားပေးရေးတဲ့အနေနဲ့ ရေးလို့ရပါတယ်။ ဒီလိုခြွင်းချက်တွေကိုတော့ နောက်မှ
ဆက်ပြောပါရစေ)
ဒါဆိုရင် ခုလို simple sentence လေးတွေကို
၁၀ကြောင်းလောက် စိတ်ကူးထဲမှာဖြစ်ဖြစ် စာရွက်ပေါ်မှာဖြစ်ဖြစ်
စမ်းတွေးရေးကြပါဦးလို့ အရင် တိုက်တွန်းလိုက်ပါတယ်။
နောက်ရက်များမှ ဆက်လက်ပြီး Simple sentence ရဲ့ တခြားမတူညီမှုလေးကို ဆက်ရေးပါမယ်နော်။