Thursday, 7 March 2013

ကျွန်တော်ကြားဖူးသမျှ အသီးအရွက်နှင့်ဆေးများ

ကျွန်တော်ကြားဖူးသမျှ အသီးအရွက်နှင့်ဆေးများ



ဒီရက်တော့ ကျွန်တော်ကြားဖူးသမျှ အသီးအရွက်နှင့်ဆေးများ

အကြောင်းတွေပါ အထူးသဖြင့် ကျွန်တော်တို့ တောင်ပေါ်ဒေသ

တောရွာလေးတွေမှာ ဖျားနာမှု တစ်ခုခုဖြစ်ရင် ကုသဖို့ ဆေးရုံဆေးခန်း

ဆိုတာရော ဝေးသတဲ့သေးပေါ့ အဲချိန်မှာ သူတို့တတွေ ဆေးအစားထိုး

ဈေးလည်းသက်သာ ဆေးဝါးလည်းဖြစ်ဆိုတဲ့ အသီးရွက်တွေ

သုံးဆောင်သုံးစွဲတာကို တွေ့ရပါတယ် တစ်ချို့သောလူတွေက

သူတို့သုံးစွဲလိုက်လို့ ထိထိရောက်ရောက် ပျောက်ကင်းတာမျိုးလည်းတွေ့

ဖူးလို့ အံ့သြမိပါတယ်… ကျွန်တော်လည်းမှတ်မိ သလောက်တော့

ပြန်ပြောပြပါမယ် ၊ တစ်ချို့သောသူတွေလည်း သိပြီးသားတွေ ဖြစ်မှာပါ….


လေဖြတ်နေရင် ….သဘောင်္သီး အစိမ်းတစ်လုံးကို (၂) ခြမ်းခွဲ ၊

အဲဒီအခြမ်းထဲမှာ အိမ်မွေးဘဲဥ တစ်လုံးကိုထည့်ပြီး ပြန်ပိတ်ပါ

သံကြိုးနဲ့ ချီပြီး မိးနဲ့ကင်ပါတဲ့ သဘောင်္သီးမဲပြီး ကျက်နေလောက်ပြီဆိုရင်

အထဲမှာထည့်ထားတဲ့ ဘဲဥလေးကိုစားလိုက်ပါတဲ့ အကြိမ်များများ

စားနိုင်သလောက်စားပေးပါ ပြန်ကောင်းလာပါတယ်လို့ ကြားဖူးပါတယ်......

လေဖြတ်တာကိုကာကွယ်ချင်ရင်တော့ တစ်နေ့ကို ကြက်သွန်နီဥ

အရင့်မျိုး တစ်ရက်တစ်လုံး တစ်နှစ်တိတိစားပေးရုံဖြင့် လေဖြတ်ဖြင်းကို

ကာကွယ်တယ်လို့ ပြောကြပါတယ်


သွေးတိုးသမားတွေကျတော့ အတတ်နိုင်ဆုံး ပန်းခါးများများ

စားပေးပါတဲ့ သွေးတိုးအတွက် အကောင်းဆုံးဆေးတဲ့ကွယ်.....


နှလုံးရောဂါ .. ..သမားတွေဟာ နှင်းဆီပန်းပွင့် အခြောက်ကို

ရေစိမ်သောက်ပါတဲ့။ တရားများများထိုင်ပေးနိုင်ရင် နှလုံးရောပါ

သည်အတွက် အကောင်းဆုံးလို့ ကြာရပါတယ်……..


ထုံ၊ နာကျင်ကိုက်ခဲနေရင်…. မုန်ညင်းဆီ (၅) ကျပ်သား ၊


နှမ်းဆီစစ်စစ် (၅) ကျပ်သား ၊ ဓါတ်ဆီ (၅) ကျပ်သား ၊

ရှောက်သီး (၁) လုံး ၊ အရက်ဆီ (၁) ပိုင်း အဲဒါတွေအားလုံးကို

အကုန်ရောစပ် လေလုံအောင်ပိတ်ပြီး (၃) ရက်တိတိ

မြေမှာပြုတ်ပါတဲ့ သုံးရက်ပြည့်ရင် ပြန်လည်ထုတ်ပြီး


ကိုယ်လက်ကိုက်ခဲနေတဲ့ နေရာတွေ သုတ်လိမ်းပေးပေါ့တဲ့ …

သောက်ဖို့မဟုတ်ဘူးနော် .. ဟဲဟဲဟဲ ….


မိန်းမဘာညာဘာညာ ဖြစ်နေလို့ နာကျင်ကိုက်ခဲနေလျှင်

 ဂျင်းနဲ့ ထန်းလျှက်ကို ပူပူလေးကြိုသောက်လိုက်ပါတဲ့……


နားလေထွက် …ဖြစ်နေရင် သဘောင်္ရွက်အရင့်ကို

မီးကင်စားပါ သက်သာပါလိမ့်မယ် လို့ ပြောကြပါတယ်........


သွေးကင်ဆာ ..သမားတွေဟာ လူအရိုး ၊ ပျားရည် ၊

နံသာနီ အဲဒီသုံးမျိုးကို စပ်သောက်တဲ့ သွေးကင်ဆာအတွက်

အထူးဆေးလို့ သောက်ဖူးသူတွေပြော ကြပါတယ်


HIB စဖြစ်သမားတွေက မဟာပိန်းဥကို ပါးပါးလီးပြီး

အခြောက်လှမ်းပါ ။ ခြောက်ပြီးဆိုရင် အမုန့်ထောင်းပြီး

ပန်းခါးအမုန့် ၊ ပျားရည် နဲ့ ရောစပ်ပြီး တရက်အနည်းဆုံး

(၃) ကြိမ် ၊ တစ်ခါသောက် တစ်ဇွန်း ပုံမှန်သောက်ပေးပါတဲ့.....

                            ၾကားဖူးသမ် ဖတ္ဖူးသမ်မွ
|

No comments:

Post a Comment

အကြံလေးတွေပေးပါလား

အချိန်ရှိခိုက်လုံ့လစိုက်

Template Design by Shihara | Published by New Blog Themes
Powered by Blogger

6
m
P
U
7
:
A
J
@
j

q
C
k
%
<
U
I
+
[
i
O
H
"
4
{
d
i