ပန်းခရေ(Star Flower)
ပင်ယံထက်မှ ဝေ ပန်းခရေ
ရနံ့ မွှေးပျံ့နေ...
မြေပြင်ထက်မှာ ကြွေ ပန်းခရေ
မွှေးလျက်သာပေ...
ဝေပဲဝေေ၀
ကြွေပဲကြွေကြွေ
ရနံ့ မပြယ် သူ့တန်ဖိုး
မြင့်မြတ်လှမျိုး။
ကျွန်တော်လည်း ခရေပန်းလေးလို ဝေနေတုန်းဘဲဖြစ်ဖြစ် ကြွေနေတုန်းဘဲဖြစ်ဖြစ်
တန်ဖိုးရှိပြီး မြင့်မြတ်တဲ့ လူသား ဘ၀ တစ်ခု ရချင်လိုပါတယ်။
တစ်ခါတစ်ရံ စဉ်းစားကြည့်မိတော့ လူ့ဘ၀ရဲ့တန်ဖိုးကို အဲဒီလို အများအကျိုး
လုပ်ပေးရင်း သေသွားတာမှ အဖိုးတန်တယ်လို့ထင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ ရွှေ ငွေ ဥစာ မြေ ကား...စသည်တို့
ကိုမသေခင်သာ တစ်နေ့တစ်နေ့ကို ရှာဖွေလိုက်ရတာ
သေရင် ယူမှမသွားနိုင်ဘဲ
ဝေနေတုန်းမှာလဲ ရက်ရက်ရောရော လှူဒါန်းလိုတယ်
(မရှိတဲ့ မပြည့်စုံတဲ့ ဆာလောင်ငတ်မွတ်နေမှုတွေအတွက်)
ကြွေတော့လည်းပဲ ရက်ရက်ရောရော လှူဒါန်းလိုတယ်
မိမိခနာကိုယ် အစိတ်အပို်င်းတွေကို
မိမိလဲလျောင်းရာ မြေကြီးမှာ
(ရှင်သန်ပေါက်ရောက်တဲ့ သက်ရှိသတ၀ါ / အပင်တွေအတွက်)
အားကျတယ်ဗျာ
|

- အလှူဒါနမှာ Microsoft သူဌေးကြီး ဘီလ်ဂိတ် ကို အားကျတယ်ဗျာ
- ပြီးခဲ့တဲ့နေ့က Facebook မှာဖတ်လိုက်ရတဲ့ မြန်မာပြည်မှာနေထိုင်တဲ့
အားကျတယ်ဗျာ
No comments:
Post a Comment
အကြံလေးတွေပေးပါလား